အချစ်ဖြင့် လွမ်းစေ

879 35 1
                                    

အချစ်ဖြင့်လွမ်းစေ
Part - 38

စပ်ခွန်မှိုင်း အိမ်ရှေ့စံ နှင့်အတူ သီရိသိဂ်ဟ စျေးထဲမှ အကြော်တဲတစ်ခုတွင် ထိုင်နေရင်း အခြေအနေကို အကဲခတ်နေမိသည်။ စျေးထဲက စကားတွေအရ နဝဧကရာဇ်ဟာ ကေသာ့ကို အတော်ချစ်သည်ပဲ။

" ဒီည နန်းတွင်း ဝင်ကြမယ် စပ်ခွန်။ ညီမတော်လေးကို တွေ့ချင်တယ်။ "

အိမ်ရှေ့စံစကားကြောင့် စပ်ခွန်မှိုင်း ခေါင်းခါယမ်းမိတာ ကမန်းကတန်းပင်။ ခုချိန်မှာ အိမ်ရှေ့စံဟာ မုစလိန္ဒရဲ့ တစ်ခုထဲသော မျှော်လင့်ချက်။ အိမ်ရှေ့စံသာ တစ်ခုခု ချွတ်ချော်ခဲ့လျှင် လုံးဝကို မဖြစ်သလို ခုမှ နေကောင်းခါစမို့ အန္တရာယ်တောဖြစ်သည့် သီရိသိဂ်ဟနန်းတွင်းကို အိမ်ရှေ့စံပါလိုက်လို့ လုံးဝ မဖြစ်။

" မဖြစ်ပါဘူး အိမ်ရှေ့စံ ။ ခုမှ နေကောင်းခါစမို့ တည်းခိုဆောင်မှာပဲ ကျန်နေခဲ့ပါ။ ကျွန်တော်ပဲ သွားပါ့မယ်။ "

" ဖြစ်ပါ့မလား စပ်ခွန်။ ငါ မင်းကို စိတ်ပူတယ်။ "

" စိတ်ချပါ အိမ်ရှေ့စံ ။ ကေသာ့ကို အိမ်ရှေ့စံအရှေ့ သေချာ ခေါ်ခဲ့ပါ့မယ်။ "

-------------------

စပ်ခွန်မှိုင်း မှောင်ရိပ်ထဲမှနေ၍ နီးစပ်ရာ အင်ကြင်းပင်ပေါ် တက်ကာ အခြေအနေကို စောင့်ကြည့်နေခြင်းပင်။ ဘုရင့်နန်းဆောင်နီးနီးကို အစောင့်အရှောက်ကြပ်လွန်းနေတာမို့ ဝင်ဖို့မလွယ်ပဲ ဖြစ်နေရသလို အန္တရာယ်လဲ များလွန်းသည်။ ခုထိ ကေသာ့ အရိပ်အယောင် မတွေ့ရသေးတာမို့ တစ်ညလုံး စောင့်နေရင်း မိုးသောက်လာခဲ့လျှင် သူ လွတ်လမ်းရှိတော့မှာ မဟုတ်။

" ဥသွ......ဥသွ....ဥသွ "

အစော ကိုယ်လေးလက်ဝန်ဖြင့် မအီမသာ ဖြစ်ကာ အိပ်မပျော်စဥ် ကြားလိုက်ရသည့် ဥသြသံကြောင့် အံ့အားသင့်သွားရသည်။ နွေရာသီလဲ မဟုတ်ပါပဲ ဥသြတွန်တာ ထူးဆန်းလွန်းနေသည်။ ဘေးမှာ အိပ်ပျော်နေသည့် နဝဧကရာဇ် ကို တစ်ချက်ကြည့်လိုက်ပေမယ့် နှိုးမနေတော့ပဲ အိပ်မပျော်သည့်အတူတူ ကိုယ်တိုင်ပဲ ထထွက်လာခဲ့သည်။

ဥယျာဥ်ထဲဆင်းလာသည့် ကေသာ့ကိုမြင်လိုက်ရသဖြင့် စပ်ခွန်မှိုင်း အားတက်သွားရသည်။ ကြံရာမရသည့်အဆုံး လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းပေမယ့် အသုံးဝင်သွားတာ ကျေးဇူးတင်ရမလိုပင်။ ဗိုက်ပူပူကလေးကို ကိုင်ကာ ခြုံလွှာအရှည်ကြီးပတ်ထားသည့် ကေသာ့နောက်မှ မယ်ဇီလဲ ပါလာတာ မြင်နေရသည်။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now