အချစ်ဖြင့် လွမ်းစေ

833 41 0
                                    

Part - 35

" အရှင်မင်းကြီး ကြွချီလာတယ်...."

" ဟင်! ! "

အာရတီ တအံ့တသြ ဖြစ်သွားရင်းမှ ဝမ်းသာအားရ ​အပြေးလေး ထွက်ကြိုမိသည်။ သေနာပတိ ရာဇသံရ နဲ့ အတူ တလွှားလွှား နန်းဆောင်ထဲ ဝင်လာသည့် မောင်တော့် ပုံစံက တစ်ခုခုကို အလိုမကျသလိုပင်။

" မောင်တော်.... "

" ကိုယ်တော့် ကို သေရည်ပွဲ ပြင်ပေးပါ။ "

အာရတီ ဘေးမှ ကြာရိပ် ကို လှမ်းကြည့်ကာ သေရည်စားပွဲကို အမြန်ပြင်ဆင်ခိုင်းရင်းမှ သလွန် ပေါ် ထိုင်နေသည့် မောင်တော့် နား ဝင်ထိုင်မိသည်။ ကြည့်ရတာ စောကေသာ နဲ့ စကားများလာပုံပေမယ့် ရောက်လာတာပဲ ကျေးဇူးတင်ရလိမ့်မည်။

" စိတ်ညစ်စရာ ရှိနေတာလား မောင်တော် ။ "

" အာရတီ့ နန်းဆောင် မှာ ခုတလော လူစိမ်းတွေ ဝင်ထွက်တယ်ဆို။ "

အာရတီ နတ်ဆရာမကို ပြေးမြင်မိသွားကာ ပျက်ယွင်းသွားရသည့် မျက်နှာကို မနည်း ဟန်ဆောင်ထိန်းထားရသည်။ ဧကန္တ ဒါဟာ လာစုံစမ်းတာလား တွေးမိရင်း မောင်တော့်မျက်နှာကို လှမ်းကြည့်မိသည်။

" နယ်ဝေးက ဆွေမျိုးတွေပါ မောင်တော်။ "

" ကောင်းပါပြီ။ ဒါနဲ့ အာရတီ့ ဖခင်ကို ရာထူးက အနားပေးရင် ကောင်းမလား။ "

ချက်ချင်း အလိုမကျ ဖြစ်သွားရသည့် အာရတီ့ မျက်နှာကို ကြည့်ပြီး ရာဇသံရ အကဲခတ်နေမိသည်။ အာရတီ့ဖခင်က မြို့တော်ဝန်ရာထူး ရလာပြီး နောက်ပိုင်း အင်အားတောင့်လာသလို အရှင့်သားကို သမီး ဖြင့် ချုပ်ကိုင်နိုင်ခြင်း မရှိတော့ မိဖုရားခေါင်ကြီးကို တစ်ခုခု ဒုက္ခ ပေးမှာကို အရှင့်သား စိုးရိမ်ပုံရသည်။

" အသက်လဲ ရပြီမို့ နားပါစေ ။ ကိုယ်တော် မနက်ဖန် ညီလာခံမှာ ပြောလိုက်မယ်။ ကိုယ်တော် သွားတော့မယ်။ "

" နေပါဦး မောင်တော်......ဒီညတော့ အာရတီ မောင်တော့် ကို....".

နဝဧကရာဇ် မျက်နှာငယ်လေးဖြင့် သူ့လက်ကို လှမ်းဆွဲထားသည့် အာရတီ့ကို တစ်ချက် ကြည့်မိသည်။ အစောကို မြင်ယောင်မိသွားရင်းမှ နာနာကြင်ကြင် ပြုံးမိပြန်ရသည်။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now