🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

1.1K 65 1
                                    


              🌷 အပိုင်း - ၈ 🌷

ရေမြေ့ရှင် အမိန့်ကို ရပီးထဲက သူ စိတ်ထဲ လေးလံနေရကာ ကြားထားတဲ့ သတင်းတွေအရ သီရိသိင်္ဂဟက စစ်သည်နှစ်သိန်းချီလာသည်ဆိုတာမို့ စပ်ခွန်မှိုင်း အလောတကြီး စစ်ပြင်ရန် ပြင်ဆင်ရတော့သည်။ ကေသာ့ကိုလဲ မတွေ့ဖြစ်တာ ရက်ပိုင်းမျှပင် ရှိသေးပေမယ့် သူ သတိရသည်။ သွားဖို့ကလဲ အခွင့်မသာသလို အခေါ်ရှိမှ မော်ဖူးခွင့်ရတဲ့ ဘ၀။ ပီးတော့ ဒီစစ်ပွဲသာ ရှူံးရင် သူ မြတ်နိုးရသော ပိုင်ဆိုင်ခွင့်မရှိသည့် နှလုံးသားသည် အခြားတိုင်းပြည်သို့ ပါသွားရလိမ့်မည်။

စစ်ပြင်ထားပီးပီမို့ စစ်အင်အားတောင့်သည့် သီရိသိင်္ဂဟ တပ်မသည် စစ်ငင်၍ ထိုးခြင်း - သကဋဗျူဟာ ကို ကျိန်းသေသုံးမှာပင်။ ထို့ကြောင့် သူ့ တပ်ခွဲ လေးစိပ်ကို မုစလိန္ဒ၏ ဘေးဘက်မှာ ကင်းပုန်းချရင်း
၀ိုင်းပတ်၍ ထိုးခြင်း -စက္ကဗျူဟာ ကို သူ သုံးရန်ပါ ပြင်ဆင်ထား၏။ ပီးတော့ မုစလိန္ဒ၏ ရေမြေအနေအထားကို သူ့လောက် ဘယ်သူက ကျွမ်း၀င်မည်တဲ့လဲ။

" အမောင်! "

" ဟင်!! "

စပ်ခွန်မှိုင်း နူးညံ့လွန်းသည့် အသံလေးကြောင့် မော့ကြည့်လိုက်မိတော့ ကေသာ။ သူ ကမန်းကတန်း ထရပ်လိုက်ရင်းမှ ဘယ်လိုလုပ်ပီး နန်းဆောင်ကနေ ဒီစစ်ရေးလေ့ကျင့်တဲ့ဆီ ရောက်လာပါလိမ့်ဟု တွေးလိုက်မိသည်။

" ကေသာ... ဘယ်လိုလုပ်ပီး ရောက်လာတာလဲ။"

" သီရိသိင်္ဂဟ က စစ်ချီလာတာ အစောသိတယ်။ အဲဒါ ကြောင့် အစော မြို့ထဲက ပြည်သူတွေကို စိုးရိမ်တယ်။ အခြေအနေ စနည်းနာချင်လို့ ထွက်ခဲ့တာ။ "

" ကေသာရယ်.... အန္တရာယ် များလိုက်တာ.... ကိုယ် လိုက်ပို့မယ်။"

" ဟင့်အင်း အမောင်! အစော နဲ့ အတူ နော်ဇာကော မယ်ဇီပါ ပါလာတယ်။ အမောင်တာ၀န်ကျနေတာ အစောကြောင့် ခမည်းတော် အပြစ်ပေးတာ ခံရပါ့မယ်။ "

အပြစ်ပေးခံရမှာကို သူ မကြောက်ပေမယ့် တစ်ခုခုလစ်ဟင်းသွားမှာတော့ သူ စိုးရိမ်သည်။ ခု အခြေအနေက လစ်ဟင်းလို့ မရတဲ့ အချိန်ပင် မဟုတ်လား။ ဒါပေမဲ့ အန္တရာယ် များလွန်းတာမို့ သူ စိတ်မချပါ။ နော်ဇာက ကိုယ်ခံပညာအနည်းငယ်တတ်ကျွမ်းသလို မယ်ဇီလဲ ပါသည့်တိုင် သူ စိတ်တော့မချ။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now