🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

772 38 0
                                    


             🌷 အပိုင်း - ၂၆ 🌷

မုစလိန္ဒတပ်စခန်း.....။
အိမ်ရှေ့စံ စောနေမျိုး အထောက်တော်ယူလာသည့် သတင်းကြောင့် အံ့ဩတကြီး ဖြစ်သွားရင်း မယုံနိုင်စွာ ပြန်မေးမိသည်။

" ဘာပြောတယ် နေမျိုးသူရ ။ န၀မင်းသားကို တွေ့လိုက်တယ် ဟုတ်လား။ "

" သေချာပါတယ် အိမ်ရှေ့စံ။ န၀မင်းသားမှ  န၀မင်းသားအစစ်ပါ။ သတင်းကြားရသလောက် တပ်စိတ်တွေစုဆောင်းနေတယ်တဲ့။ကြည့်ရတာ ပုန်ကန်တော့မယ် ထင်တယ်။"

အိမ်ရှေ့စံ စောနေမျိုး အံကိုတင်းခနဲကြိတ်လိုက်မိရင်း ခမည်းတော် နဲ့ ညီတော်တွေရဲ့ မျက်နှာကို မြင်ယောင်မိသွားသည်။ ခမည်းတော်ကို ရက်ရက်စက်စက် သတ်သွားတာလဲ သူ့ရှေ့တင် ၊ ညီတော်အကုန်လုံးလဲ န၀လက်ချက်ဖြင့် ကံကုန်ရခဲ့သလို တိုင်းပြည်ကို ဖျက်ဆီးခဲ့တာလဲ န၀ပင်။ စပ်ခွန်ကလဲ ညီမတော်လေးဆီ အခြေအနေ သွားကြည့်သည်မို့ ပြန်မလာသေးတာမို့ သူကိုယ်တိုင် သူ့လက်ဖြင့် သတ်မည်။

" ခုချက်ချင်း တပ်ပြင်။ ဒင်းကို ငါ့လက်နဲ့ဖမ်းပြီး ကွပ်မျက်မယ်။"
------------------
န၀မင်းသား တည်းခိုဆောင်တွင် ခဏနားနေရင်းမှ ရာဇသံရ ပေးလာသည့် ပေလွှာရွက်ပေါ်က နာမည်စားရင်းကို ကြည့်ကာ ပြုံးလိုက်မိသည်။ တပ်စုတာ ခဏလေးအတွင်းမှာကို သူ့အရည်အချင်းကို ယုံကာ ပူးပေါင်းသည့် နယ်ခြားစောင့်တပ်တွေ နဲ့ အနီးအနားက ပုန်ကန်သူဓားပြတွေကိုပါ တခဏအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

အခုလဲ မုစလိန္ဒတပ်တွေရဲ့ အခြေအနေ နဲ့ အနီးအနားက စစ်သည်တချို ့ လာစုဆောင်းခြင်းပင်။ စုဆောင်းထားသမျှ အင်အားနဲ့ တပ်တွေကို ဘိုးတောင်ပ နဲ့ ထားခဲ့ကာ အစောကို စောင့်ကြပ်ခိုင်းထားပြီး သူက ရာဇသံရ နဲ့ နှစ်ယောက်ထဲ ရုပ်ဖျက်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။

" အရှင့်သား...ခဏအိပ်လိုက်ပါလား။ ကျွန်တော် စောင့်နေမယ်။"

တကယ်လဲ ပင်ပန်းနေပြီမို့ ခေါင်းငြိမ့်ပြလိုက်ရင်း ၀င်လှဲလိုက်သည်နှင့် လူက မှေးခနဲ။ ရာဇသံရ အိပ်ပျော်သွားသည့် အရှင့်သားကို ကြည့်ရင်း တည်းခိုဆောင် အပြင်ဘက်က အခြေအနေကို အကဲခတ်နေမိသည်။ နှစ်ယောက်ထဲ ထွက်လာတာမို့ အန္တရာယ် များပေမယ့် လူအများနဲ့လာရင်လဲ သတိထားစရာ ဖြစ်နိုင်သည် မဟုတ်လား။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now