Ep 1🍑

34.3K 1.1K 19
                                    

Uni

💞ဦးရဲ့ချစ်လှစွာ​ေသ​ာခင်ပွန်း💞

Ep 1

မိုးများတဖွဲဖွဲရွာနေသော်ငြား.... ရင်ထဲကအပူမီးဟာတောက်လောင်နေဆဲပင်....။ အနက်ရောင်ဝတ်စုံဆင်တူတွေဝတ်ဆင်ထားတဲ့လူများ၏မျက်ဝန်း၌.... မျက်ရည်စက်တွေတွဲခိုလျှက်.... ကောင်လေးတစ်ယောက်၏လက်ထဲတွင်တော့ အလှဆုံးအပြုံးနှင့် မိန်းကလေးတစ်ဦး၏ဓါတ်ပုံကို ကိုင်ဆောင်ထားသည်.... ။

{အေးချမ်းစွာအိပ်စက်အနားယူပါ ကြည်ပြာ။}

ထိုကောင်လေးသည် ငိုနေလျှက်ပင် ကြည်ပြာ ဆိုသည့်မိန်းကလေးကို.. စိတ်ထဲမှရေရွတ်နေမိသည်...။ ထိုကောင်လေးနာမည်ဟာ ဈာန်ဦးထိုက်... ။ သူဟာ တကမ္ဘာလုံးတွင်အချမ်းသာဆုံးTop3စာရင်းဝင် သူဌေးတစ်ယောက်ဖြစ်ပြီး ထည်ဝါလုပ်ငန်းစု၏ သားသမီးသုံးယောက်ထဲမှ အကြီးဆုံးသားဖြစ်သည်..  ။ဈာန်ဦးထိုက်မှာ ညီလေးတယောက် ညီမလေးတယောက်ရှိပြီး... ယခုသေဆုံးသွားတဲ့သူဟာ သူနှင့်မကြာခင်လက်ထပ်ရမည့် သူ၏ချစ်သူမိန်းကလေး ကြည်ပြာဆိုသူပင်ဖြစ်၏။

စီးပွားရေး လုပ်ငန်းရှင်တယောက်မို့ အပြိုင်ဆိုင်များပြီး မနာလို၍ယုတ်မာကောက်ကျစ်ချင်သည့်ကုမ္ပဏီများရှိ၏.. ။ သူ့ကိုအငြိုးထားသော ပြိုင်ဘက်ကုမ္ပဏီတွေထဲက....ကုမ္ပဏီတခုဟာ သူနှင့်ကြည်ပြာတို်နှစ်ယောက်သား မင်္ဂလာဝတ်စုံရွေးရန် ဆိုင်ကိုသွားသည့် လမ်းတွင် ထိုကုမ္ပဏီမှ သူတို့အား နောက်ယောင်ခံလိုက်ရန်လွှတ်ထားသော ကားတစီးက အရှိန်ပြင်းပြင်းဖြင့် ဈာန်ဦးထိုက်တို့ရဲ့ကားကို  တိုက်သတ်ကြသည်... ။ ထိုနေရာတွင် ကားအက်စီးဒင့်တခုဖြစ်ပေါ်ကာ ကံကောင်းစွာပင် ဈာန်ဦးထိုက်က အသက်ရှင်သော်လည်း သူ၏ချစ်သူမိန်းကလေးမှာတော့  အခင်းဖြစ်သည့်နေရာတွင် အသက်ဆုံးရှုံးခဲ့သည်....။ သူတို့ကိုတိုက်သတ်သည့်ကားကတော့ အချိန်မှီမောင်း၍​ပြေးသွား၏။ အမြန်လမ်းဖြစ်နေသည့်အတွက် သူတို့အခင်းဖြစ်စဥ်နေရာတွင် မည်သူမျှရှိမနေပေ..။

"ဟီးး အမလေး သမီးလေးရဲ့.... မာမီတို့ထားခဲ့ပြီလား ဟင့်"

ကြည်ပြာ၏မိခင်ဟာ သမီးလေးကို ဆုံးရှုံးရသဖြင့်... ရင်ဘတ်စည်တီးကာ ငိုကြွေးနေသည်... ။ နာရေးလာသူတွေကတော့ သူမ၏မိခင်ကို ဝိုင်းဝန်းနှစ်သိမ့်ကြသည်....။ ဈာန်ဦးထိုက်ကလဲ မတော်လိုက်ရသည့် ယောက္ခမဖြစ်သူကို ပွေ့ဖက်ကာနှစ်သိမ့်လေ၏..။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now