Ep 6🍑

11.5K 695 12
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 6

ဈာန်ဦးထိုက်တို့ဂျပန်သွားရန်အတွက် ကုမ္ပဏီမှလွှတ်လိုက်သော လေဆိပ်လိုက်ပို့ရန်ကားလေးသည် ထည်ဝါအိမ်ရှေ့သို့ဆိုက်ရောက်လာ၏။  ကားပေါ်တွင်မြတ်သူနှင့်အတူ ဈာန်ဦးထိုက်ရဲ့အတွင်းရေမှူးမလေး ခတ္တာပါရှိနေပြီး .. လေဆိပ်သို့သွားရန်အတွက် ဈာန်ဦးထိုက်ကိုစောင့်နေကြသည်။ 

ထို့နောက် ဈာန်ဦးထိုက်လဲ ယောက်ျားပေါက်စကိုယ်တိုင်ရွေးချယ်ပေးထားသော ခရမ်းနုရောင်ရှပ်အင်္ကျီလက်ရှည်လေးကို.. တံတောင်ဆစ်အထိ လိပ်၍ခေါက်တင်ကာ အပြာရင့်ရောင်ဂျင်းပန်ဘောင်းဘီအရှည်နှင့်တွဲဖက်၍ဝတ်ဆင်ထားသည်။

သူ့ရဲ့ လက်တဖက်က ခရီးဆောင်အိတ်ကိုဆွဲလျက် ကျန်လက်တဖက်က .. ယောက်ျားပေါက်စရဲ့ ပုခုံးလေးကိုဖက်၍ အိမ်ထဲမှထွက်လာလေသည်... ။မိဘနှစ်ပါးနှင့် ညီဖြစ်သူရော ညီမဖြစ်သူကပါ ဈာန်ဦးထိုက်ကိုနုတ်ဆက်ရန် အနောက်မှထပ်တူလိုက်လာသည်...။

"ပိစိ..  ကိုယ်မရှိတုန်းလိမ်လိမ်မာမာနေနော်... ရေအချိန်မှန်ချိုး ထမင်းကိုအချိန်မှန်စား.. ကိုယ့်ကိုလဲလွမ်းနေပေးနော်"

"ဟင့်.. လူကြီး ပြောစကားကိုနားထောင်ပါ့မယ့် အင့်"

ရှိုင်းမာန်ခတယောက် မျက်ရည်မကျ​ေစရန်ထိန်းချုပ်ထားသော်လည်း... ရှိုက်သံကထွက်မိသေးသည်... ။ဈာန်ဦးထိုက်လဲ ယောက်ျားပေါက်စ၏ ခေါင်းလေးကို ခပ်ဖွဖွကိုင်လိုက်ပြီး...

"ကိုယ်ဂျပန်ကပြန်လာရင် ဆည်းဆာရိပ်မြုံ အိမ်တော်ကိုအလည်သွားကြမယ်နော်... မေရှား ငါမရှိတုန်း နင့်ရဲ့မတ်လေးကို သေချာဂရုစိုက်ပေးပါဟာ"

ယောက်ျား​ြဖစ်သူကိုချော့ရင်း ညီမဖြစ်သူကိုလဲမှာရသေးသည်... ။

"စိတ်ချပါ ကိုကိုကြီးရဲ့ မတ်လေးကိုသေချာဂရုစိုက်ပါ့မယ်"

ဈာန်မေရှား ကပြောနေပေမယ့် ရှိုင်းမာန်ခကတော့ ဈာန်ဦးထိုက်၏ ခါးကိုဖက်ကာ ရင်ခွင်ထဲတိုးဝင်နေမိသည်.. ။ဈာန်ဦးထိုက်လဲယောက်ျားပေါက်စ၏  ဆံပင်အိအိလေးတွေကို နမ်းရှိုက်နေမိသည်.. ။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now