Ep 11🍑

9.9K 584 31
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 11

ခွဲစိတ်ခန်းရှေ့တွင်ရှိသော ခုံတန်းလေးပေါ်တွင်... ခေါင်းငိုက်စိုက်ကျကာ ဈာန်ဦးထိုက်ထိုင်နေမိသည်။

"သခင်လေး! ပိစိ.. ပိစိလေး ဘယ်လိုဖြစ်ရတာလဲ"

ဒေါ်နန်းသူဇာတယောက် ဆေးရုံဝန်းထဲသို့ပြေးဝင်လာပြီး မျက်ရည်လည်ရွှဲဖြင့် ဈာန်ဦးထိုက်ထံ​သို့... မေးခွန်းထုတ်သည်။ ဈာန်ဦးထိုက်လဲ ထိုင်နေရာမှ မတ်တက်ရပ်ကာ ခုံနေရာလွတ်တွင် ဒေါ်နန်းသူဇာကို ထိုင်ခိုင်းစေသည်... ။ဦးခန့်မာန်ကတော့ ဈာန်ဦးထိုက်၏ ပခုံးကိုဆုပ်ကိုင်ကာ နှစ်သိမ့်အားပေးဟန်ပြုသည်....။

"ကျွန်... ကျွန်တော့်ကြောင့်ပါ... ပိစိ ခုလိုဖြစ်ရတာ ကျွန်တော့်အပစ်ပါဗျာ ဟင့် ဟီး"

ယောက္ခမဖြစ်သူ၏ အရှေ့တွင် ဒူးထောက် ထိုင်ချကာ ငို၍ပြောသောသူ့ကို ဒေါ်နန်းသူဇာက မျက်ရည်သုတ်ပေးသည်..။

"အဲ့.. အဲ့လိုမပြောပါနဲ့ကွယ်... သခင်လေးရဲ့ အပြစ်မဟုတ်ပါဘူး... ကံစီမံရာပေါ့ အဟင့်""

ဒေါ်နန်းသူဇာဟာ မည်သူကိုမျှအပြစ်မဖွဲ့ပဲ သဘောထားပြည့်ဝစွာ သူ့ကို ခွင့်လွှတ်ပေးတာမို့... ဈာန်ဦးထိုက်လဲ ဒေါ်နန်းသူဇာကို ဖက်ကာ ပို၍ငိုမိသည်...။

"တောင်းပန်ပါတယ်.. ပိစိကို... ပိစိကို ကျွန်တော်မစောင့်ရှောက်နိုင်ခဲ့ဖူး"

"ဖြစ်ပြီးတာတွေမပြောပါနဲ့တော့ သခင်လေးဈာန်ဦးထိုက်ရယ် အခု သားရှိုင်းရဲ့ အခြေနေ ဘယ်လိုရှိလဲ"

ဦးခန့်မာန်က မေးတော့ ဈာန်ဦးထိုက်လဲ ဒူးထောက်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်...။

"ခွဲခန်းထဲရောက်နေတာ ကြာပြီ ခုထိပိစိရဲ့အခြေနေကို မသိရသေးဘူး.... ပိစိသာ တခုခုဖြစ်ရင် ကျွန်တော်ရင်ကဲွဲပြီးသေမှာ ဟင့် "

ဦးခန့်မာန်ဟာ သားမက်ဖြစ်သူ၏ ပူဆွေးသောကကိုမကြည့်ရက်စွာ သက်ပြင်းဖွဖွချမိပါသည်...။ သခင်လေးဈာန်ဦးထိုက်ဟာ သူတို့သားလေးကို ကြည်ပြာဆိုသည့်မိန်းကလေးနေရာတွင် အစားထိုးခဲ့တာမဟုတ်မှန်း... ရှိုင်းမာန်ခအပေါ်တွင် ဈာန်ဦးထိုက်၏ ဂရုစိုက်ပုံတွေကိုကြည့်ကာ...သူအကဲခတ်တတ်ပါသည်... ။ အခုချိန်မှာတော့ သူတို့ရဲ့သားလေး ဘာမှမဖြစ်စေရန်သာ ဆုတောင်းရုံပဲတတ်နိုင်သည်မဟုတ်ပါလား....။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now