Ep 2🍑

14.1K 881 10
                                    

Uni

💞ဦးရဲ့ချစ်လှစွာ​ေသ​ာခင်ပွန်း💞

Ep 2

ဆည်းဆာရိပ်မြုံ အိမ်တော်ကပြန်ရောက်သည်နှင့် ဈာန်ဦးထိုက်တယောက်အခန်းထဲဝင်ကာ... ကြည်ပြာ၏ ဓာတ်ပုံလေးကိုကြည့်ပြီး ငိုနေမိသည်....။

"ကိုယ် ဒီနေ့ ကြည်ပြာ နဲ့ရုပ်ချင်းတူတဲ့ကောင်လေးတယောက်ကိုတွေ့ခဲ့တယ် သိလား.... သူကမင်း မဟုတ်ဖူးဆိုတာ ကိုယ်သိပေမယ့်... သူ့ကိုတော့ပိုင်ဆိုင်ချင်မိတယ်... ကိုယ် တကိုယ်ကောင်းဆန်ပြီး အတ္တကြီးသလိုများဖြစ်နေမလားဟင်... ကိုယ် အဲ့ကောင်လေးကိုမချစ်ပါဘူး... ဒါပေမယ့် အဲ့ကောင်လေးသာ အနားမှာရှိရင် မင်းကိုလွမ်းတဲ့အလွမ်းတွေ​ဖြေသာမယ်ထင်ပါရဲ့.... အရမ်းလွမ်းတာပဲ ကြည်ပြာရယ်"

*ဒေါက် ဒေါက် ဒေါက်...*

အခန်းတံခါးခေါက်သံကြားတာမို့ ဈာန်ဦးထိုက်လဲမျက်ရည်သုတ်ကာ... တံခါးဖွင့်ပေးလိုက်တော့ သူ၏မိခင် ဒေါ်ခင်နွယ် ဖြစ်နေသည်...။

"သား... ဟိုကလေးနဲ့တွေ့ကြည့်ပြီးပြီလား"

ဒေါ်ခင်နွယ်က သားဖြစ်သူကို မေးခွန်းထုတ်ရင်းနှင့်ပင် အခန်းထဲဝင်ကာ ကုတင်အစွန်းတဖက်တွင် တင်ပါးလွှဲဝင်ထိုင်လိုက်သည်။

"​တေွ့ခဲ့ပြီးပါပြီ မာမီ"

ဈာန်ဦးထိုက်ကတော့ ကြည်ပြာ၏ဓာတ်ပုံလေးကိုကိုင်လျှက်ပင် မိခင်အရှေ့၌ မတ်တပ်ရပ်လျက်အနေထားဖြင့် ပြန်ဖြေလိုက်၏။

"သားရဲ့ ဒယ်ဒီ ကိုနားလည်ပေးလိုက်ပါ ကလေးရယ်... သူကလေ သားကိုအရမ်းချစ်ရှာတာ"

ဒေါ်ခင်နွယ်က သားဖြစ်သူ၏ လက်ထဲတွင်ကိုင်ထားသော ကြည်ပြာ၏ဓာတ်ပုံကိုတစ်ချက်ကြည့်ကာ သက်ပြင်းဖွဖွချလျက် စကားဆိုလေ၏။

"ကြည်ပြာကြောင့် သားခံစားနေရတာမကြည့်ရက်လို့ ဒယ်ဒီ ခုလိုစီစဥ်တယ်ဆိုတာ သားနားလည်ပါတယ် မာမီ.. ဒါပေမယ်​့ ရုပ်ချင်းသာတူတာလေမာမီရယ်... သူက ကြည်ပြာ မှမဟုတ်တာ"

ဈာန်ဦးထိုက်ရဲ့စကားသံဟာ အက်ကွဲနေ၏။ သားလေးခံစားနေရတာကို သူမ တကယ်မကြည့်ရက်ပါ။ ထို့ကြောင့်လဲ ရှိုင်းမာန်ခ ဆိုတဲ့ကောင်လေးနဲ့ ပေးစားဖို့စီစဥ်ခဲ့တာမဟုတ်လား။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now