Ep 9🍑

9.8K 600 3
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 9

"ကြည်ပြာရေ မင်းအတွက် ကိုယ်လက်စားချေနိုင်ခဲ့ပြီ.. မင်း အေးချမ်းစွာနဲ့ဘဝကူးကောင်းပါစေ ကြည်ပြာရယ်"

ကြည်ပြာဟူသည့်နာမည်လေးထွင်းထားသော အုတ်ဂူအဖြူလေးပေါ်သို့ .. နှင်းဆီအဖြူရောင်ပန်းစည်းလေးတင်ရင်း ဈာန်ဦးထိုက်နုတ်မှရေရွတ်မိသည်။ ထို့နောက် သက်ပြင်းဖွဖွချရင်း ထိုနေရာကိုကျောခိုင်းခဲ့သည်။ အတိတ်ကိုထားခဲ့ပြီး လက်ရှိဘဝမှာ သူ့အတွက်ပါရမီဖြည့်ပေးတဲ့
.. အိမ်သူသက်ထား ယောက်ျားပေါက်စကို သူစိတ်သန့်သန့်နဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝပေးရမည်မဟုတ်လား...။

ဈာန်ဦးထိုက် တယောက် ထည်ဝါအိမ်တော်၏ရုံးခန်းထဲတွင်..... ကုမ္ပဏီမှငွေစာရင်းတွေကိုယူလာပြီး စာရင်းစစ်နေသည်.. ။ထိုစဥ်ဈာန်ဦးထိုက်၏အနားသို့ ယောက်ျားပေါက်စက ရောက်လာပြီး ... ဈာန်ဦးထိုက်၏ရင်ခွင်ထဲဝင်ကာ ပေါင်ပေါ်တွင်ထိုင်လိုက်ပြီး... ရင်ခွင်ထဲကနေခေါင်းလေးမော့၍ ဈာန်ဦးထိုက်၏မေးဖျားလေးကိုလှမ်းနမ်းလိုက်သည်...။

"လူကြီးပင်ပန်းနေပြီလားဗျ"

ရှိုင်းမာန်ခကမေးတော့ ဈာန်ဦးထိုက်လဲ လုပ်လက်စအလုပ်တွေကို ခနရပ်လိုက်ပြီး... ယောက်ျားပေါက်စ၏ ခါးသွယ်သွယ်ကို သူ့ရဲ့ သန်မာသောလက်များဖြင့် ပွေ့ဖက်လိုက်သည်....။

"ပိစိလေးကြောင့် ပင်ပန်းတာတွေပျောက်သွားပြီ"

ဈာန်ဦးထိုက်ကပြောရင်း ယောက်ျားပေါက်စ၏ ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်မြုပ်သည်အထိ... အားရအောင်မွှေးကြူလိုက်သည် ...။ ရှိုင်းမာန်ခလဲ သူ့လူကြီး၏ လည်တိုင်ကို သူ့လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး....

"လူကြီးပြောတော့ ကျွန်တော်ရဲ့ဖေကြီးနဲ့မေကြီး ဆီကိုလိုက်ပို့ပေးမယ်ဆို ခုကျတော့လိုက်လဲမပို့ပေးဘူး လူကြီးညာတယ် ဟွန့်"

နှာခေါင်းလေးရှုံ့ကာ နုတ်ခမ်းလေးစူရင်းပြောတာမို့ ဈာန်ဦးထိုက်မှာ ကလေးငယ်အား အကောင်လိုက်မျိုချထားချင်စိတ်ကတဖွားဖွားဖြစ်ပေါ်လျှက်....

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now