Ep 16🍑

8.5K 494 10
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 16

ဈာန်ဦးထိုက်တယောက် လူကသာ ထိုင်းကကုမ္ပဏီတွင်ရောက်နေသော်လည်း.... စိတ်ကတော့ ယောက်ျားပေါက်စဆီသို့ရောက်နေသည်....။ လုပ်ငန်းခွင်ထဲတွင်အလုပ်ကိစ္စကြောင့်မအားမလပ်ဖြစ်နေသော်လည်း ထမင်းစားနားချိန်တွင်တော့ ဖုန်းထဲကယောက်ျားပေါက်စ၏ ဓာတ်ပုံလေးကိုကြည့်နေလေသည်...။

{လွမ်းလိုက်တာ ကလေးရယ်... စိတ်တွေလဲလေးပင်နေတယ် တစုံတခုကိုဆုံးရှုံးရတော့မယ့်ခံစားချက်ကြီး ဘာလို့ခံစားနေရတာလဲ}

ဈာန်ဦးထိုက်စိတ်ထဲတွင်တွေးကာ သက်ပြင်းရှည်ချလိုက်သည်....။

"CEOစားဖို့အတွက် နေ့လည်စာရပါပြီဗျ ကွေ့တီယိုလေးပါအစစ်ပါသေးတယ်နော်...ရော့ စားလိုက်ပါဦး"

ထိုင်းကုမ္ပဏီက လက်ထောက်မန်ဂျာလေး လန်ဖာ့က ဈာန်ဦးထိုက်စားသုံးရန်အတွက် နေ့လည်စာဗန်းလေးယူပြီး ဈာန်ဦးထိုက်ကိုပေးရင်း သူလဲစားနေသည်... ။ ဈာန်ဦးထိုက်လဲ လန်ဖာ့ပေးသောနေ့လည်စာဗန်းလေးယူပြီး ကွေ့တီယိုလေးကို ပူပူလောလောလေးစားလိုက်တော့ ပါးစပ်ထဲမှအငွေ့ပင်အပြင်သို့ထွက်လာသည်...။

"အခြေနေဘယ်လိုရှိလဲ လန်ဖာ့"

ဟိုဘက်ကုမ္ပဏီကနေ ဒီနေ့ပစ္စည်းသစ်တွေ တင်ပို့ပါတယ်CEO.. ချည်ထည်နဲ့ပိုးထည်တိုက်တွေကလည်း ကျွန်တော်တို့ကုမ္ပဏီနဲ့ ချိတ်ဆက်လာပါတယ်... သဘောတရားကတော့ ကျွန်တော်တို့ကုမ္ပဏီနဲ့ ရေရှည်လက်တွဲချင်တယ်လို့လဲပြောပါတယ်"

လန်ဖာ့တင်ပြတဲ့အကြောင်းအရာတွေကို သေချာနားထောင်ပြီး ခေါင်းငြိမ့်ကာသေချာတွေးတောနေ၏။

"လုပ်ငန်းရှင်တွေစိတ်တိုင်းကျတဲ့အထိလုပ်ပေးလိုက်ပါ... ကျွန်တော်တို့ကုမ္ပဏီနဲ့ချိတ်ဆက်ရလို့ အဆင်မပြေဘူးဆိုသံတွေမကြားချင်ဘူး"

"ဟုတ်ကဲ့ပါCEO ကျွန်တော်အားလုံးအဆင်​ေပြအောင်လုပ်ပေးလိုက်ပါ့မယ်"

ဒီလိုနဲ့နေ့လည်စာကိုခပ်သွက်သွက်စားပြီးသည်နှင့် လုပ်ငန်းခွင်ထဲပြန်ဝင်ရသည်။ CEOဆိုသော်ငြားလည်း အခန့်သားနေလို့မရဘူးမဟုတ်ပေလား။ အလုပ်ကိစ္စတွေက မအားလပ်တာမို့ ယောက်ျားပေါက်စထံသို့ ဖုန်းလေးတောင်မဆက်နိုင်ဘူး။ ကလေးငယ်တော့ သူ့ကိုစိတ်ဆိုးနေမည်ထင်ပါရဲ့။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now