Ep 12🍑

9.9K 569 20
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 12

ရှိုင်းမာန်ခ ဆေးရုံကဆင်းတော့ သူပြောသည့်အတိုင်းပင် ဈာန်ဦးထိုက်နှင့်ခွဲကာ ဆည်းဆာရိပ်မြုံ အိမ်တော်တွင်နေ၏...။ ဈာန်ဦးထိုက်ကိုလဲ လုံးဝအတွေ့မခံပေ ..။ ဈာန်ဦးထိုက်ကတော့ ဇွဲမလျော့ပဲ ယောက်ျားပေါက်စနှင့်တွေ့လိုတွေ့ငြား ဆည်းဆာရိပ်မြုံ အိမ်တော်သို့ ချောင်းပေါက်မတက်သွားသည်....။

"နေကောင်းရဲ့လားယောက္ခမကြီး"

ဆည်းဆာရိပ်မြုံ အိမ်တော်ရှေ့သို့ရောက်တော့ ဒေါ်နန်းသူဇာက ထွက်ကြိုပါသည်... ။အချိန်မှန်ရောက်နေကျမဟုတ်လား....။

"ဒီနေ့လဲ ဇွဲကောင်းတုန်းပဲလား သခင်လေးရဲ့"

ယောက္ခမဖြစ်သူက ပြုံးစိစိဖြင့်မေးတော့ ဈာန်ဦးထိုက်လဲ မျက်နှာပူစွာဖြင့် ရှက်ရမ်းရမ်းကာ ပြုံးပြလိုက်သည်...။

"ပိစိ ရှိတယ်မို့လားဟင်"

"ရှိပါတယ်ရှင် ကျောင်းသွားဖို့ပြင်ဆင်နေတယ်... လာလေ အိမ်ထဲဝင်ခဲ့"

ဒေါ်နန်းသူဇာက ခေါ်တော့ ဈာန်ဦးထိုက်လဲ အိမ်ထဲဝင်လိုက်ပြီး Sofaပေါ်တွင်ထိုင်လိုက်သည်...။

"ခင်ဗျားရောက်လာပြန်ပြီလား!"

အပေါ်ထပ်လှေကားမှဆင်းလာတဲ့ယောက်ျားပေါက်စက သူ့ကိုတွေ့တော့ နုတ်ခမ်းစူကာ ဘောက်ဆတ်ဆတ်ဖြင့်မေးလေသည်....။

"ဟဲ့သား လူကြီးကိုဘယ်လိုတွေပြောနေတာလဲ"

သားဖြစ်သူ၏စကားအပြောမတတ်မှု့ကြောင့် ဒေါ်နန်းသူဇာက ဈာန်ဦးထိုက်ကို အားနာဟန်ဖြင့် ရှိုင်းမာန်ခအား ဟန့်တားလေ၏။

"အာ ရပါတယ်...​ပိစိ စိတ်ချမ်းသာသလို​ပြောပါစေ"

သူ့ရဲ့ ယောက်ျားပေါက်စကို ယောက္ခမဖြစ်သူကဆူမှာစိုး၍ ဈာန်ဦးထိုက်အမြန်ဖြေရှင်းမိသည်..။

"မေကြီး သားကျောင်းသွားတော့မယ် မုန့်ဖိုးပေး"

ကျောပိုးအိတ်လေးပိုက်ကာ မိခင်ဖြစ်သူဆီမှ လက်ဖြန့်၍မုန့်ဖိုးတောင်းနေပုံဟာ... မူကြိုတက်နေသည့် ကလေးလေးပမာအသည်းယားဖို့ကောင်းတာမို့ ယောက်ျားပေါက်စအား ဈာန်ဦးထိုက်မှာ မြတ်နိုးမဝဖြစ်နေ၏။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now