Ep 17🍑

8.8K 503 9
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 17

ရှုိင်းမာန်ခတယောက် ယနေ့ကျောင်းတက်ရသည်မှာ စိတ်တွေပေါ့ပါးလန်းဆန်းနေသည်...။

"ရိှုင်း ကိုယ်နဲ့စကားခနလောက်ပြောရအောင်"

ကျောင်းဆင်းတော့ ဇွဲခန့်က ရိှုင်းမာန်ခ၏လက်ကိုဆွဲကာ... လူရှင်းသောနေရာသို့ခေါ်လာခဲ့သည်...။

"ဘာပြောမှာလဲ ဇွဲခန့်"

"ကိုယ်ကိုဘာလို့ငြင်းတာလဲ... ကိုယ်မှာ မင်းလက်မခံနိုင်စရာ ဘာတွေရှိလို့လဲ"

ဇွဲခန့်ကမေးတော့ ရှိုင်းမာန်ခလဲ  သက်ပြင်းတချက်ချရင်း....

"အချစ်ကလုပ်ယူလို့ရတဲ့အရာမဟုတ်မှန်း မင်းလဲသိမှာပါ... ငါမင်းကိုမချစ်နိုင်တာ မင်းမှာလိုအပ်ချက်တွေရှိနေလို့မဟုတ်ပါဘူး... အဖြေကရှင်းပါတယ် ငါ့နှလုံးသားက ငါ့ယောက်ျားကလွဲပြီး....  မင်းမှမဟုတ်ဖူး တခြားဘယ်သူ့ကိုမှ လက်မခံနိုင်တော့လို့ပါ"

ရိှုင်းမာန်ခရဲ့မျက်နှာဟာ တည်ငြိမ်ပြီး သူ့ရဲ့ခင်ပွန်း အကြောင်းပြောရချိန်တွင် ချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းဖြစ်ပေါ်နေပြီး.. နုတ်ခမ်းထက်အေးချမ်းစွာအပြုံးတပ်ဆင်ထားသည်... ။

"ကိုယ်... ကိုယ်နားလည်ပါပြီ ရှိုင်း ဒါပေမယ့်လေ... ကိုယ်တို့ သူငယ်ချင်းအဖြစ်ဆက်နေခွင့်ရှိမလား"

"ငါတို့က ထာဝရသူငယ်ချင်းတွေပါ ဇွဲခန့်"

ထို့နောက် အရောင်အဆင်းမပါတဲ့အဖြူထည်အပြုံးတပွင့် သူတို့နှစ်ယောက်ရဲ့နုတ်ခမ်းတွင်ဖြစ်ပေါ်စေသည်....။

ဇွဲခန့်တယောက် ကျောင်းကပြန်တော့ ရှိုင်းမာန်ခငြင်းတာခံလိုက်ရ၍ လူကစိတ်ညစ်စွာ...  အိမ်သို့တန်းမပြန်ပဲ ဆိုင်ကယ်ပတ်မောင်းနေမိသည်...။

"ဒုန်းး"

ကားတစ်စီးနှင့်ဝင်တိုင်သည့်အရှိန်ကြောင့် ဆိုင်ကယ်ကတခြား လူကတခြား လမ်းဘေးထိုးကျသွားသည်..။

"အားး ကျွတ် ကျွတ် နာလိုက်တာကွာ... ကားထဲကလူခင်ဗျားကားကိုဘယ်လိုမောင်းနေတာလဲ"

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now