Ep 4🍑

12K 792 8
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 4

မီးခိုးတလူလူနဲ့ ပိန်းပိတ်အောင်မှောင်မိုက်နေတဲ့ ဟင်းလင်းပြင်ကြီးတခုထဲကို ဈာန်ဦးထိုက်ရောက်ရှိသွားသည်။

" မောင်..ခစ်ခစ်... အို မောင်ရယ်"

ဒါဟာကြည်ပြာအသံဆိုတာ ဈာန်ဦးထိုက်သိနေသည်။ အသံလာရာဆီသို့နားစွင့်လျက် စမ်းတဝါးဝါးလျှောက်လှမ်းနေမိသည်။

"ကြည်ပြာ... ကြည်ပြာလားဟင်... ကြည်ပြာရယ် မောင့်ကိုမနောက်ပါနဲ့.. မင်းဘယ်မှာလဲကွာ"

ပါးပြင်ထက်သို့ မျက်ရည်ဥတွေလှိမ့်ဆင်းသွားသည့်တိုင် ဈာန်ဦးထိုက်ဟာ ချစ်ရသူအား လိုက်လံရှာဖွေမိသည်။ ဟော.. သူနှင့်မလှမ်းမကမ်းနေရာတွင် နောက်ကျောပေးလျက်မတ်တပ်ရပ်နေသော  ... ကြည်ပြာဆိုသည့်မိန်းကလေးကိုတွေ့သည်နှင့် ထိုနေရာသို့ ဈာန်ဦးထိုက်ပြေးသွားမိသည်။

"ကြည်ပြာ!"

ထိုမိန်းကလေးအနားသို့ရောက်သည်နှင့် ဈာန်ဦးထိုက်လဲ အားရဝမ်းသာစွာ လက်နှစ်ဖက်ဖြင့်..  ကြည်ပြာ၏ခန္ဓာကိုယ်လေးကို လှမ်းဖက်လိုက်တဲ့အခါ ထိုခန္ဓာကိုယ်လေးဟာပျောက်ကွယ်သွား၏။

"ကြည်ပြာသွားတော့မယ်မောင်... နုတ်ဆက်ခဲ့ပါတယ်"

ရှိုက်သံသဲ့သဲ့ဖြင့် သူမရဲ့ နုတ်ဆက်စကားသံကိုကြားရပြီးနောက် ဈာန်ဦးထိုက်ဟာ ဦးတည်ချက်မဲ့စွာ ပြေးလွှားလျက် နုတ်မှလဲ သူမအား ထွက်မသွားရန်တောင်းဆိုမိသည်။

"ကြည်ပြာ... ကိုယ့်ကိုမထားခဲ့ပါနဲ့..ကြည်ပြာ..ကြည်ပြာ!!"

ရှိုင်းမာန်ခတယောက် လူကြီး၏ရင်ဘတ်ပေါ်တွင် မှောက်လျက်လေးအိပ်ပျော်နေရာမှ လူကြီး၏ အိမ်မက်ဆိုးမက်ကာ ယောင်သံကိုကြားတော့ နိုးသွားမိသည်..။

"လူကြီး... လူကြီး ထပါဦး"

ရှိုင်းမာနခလဲ လန့်သွားပြီး ဈာန်ဦးထိုက်ကို လှုပ်နှိုးတော့ ဈာန်ဦးထိုက် နိုးလာသည်...။ ဈာန်ဦးထိုက်ရဲ့ နဖူးထက်မှ ချွေးစေးတွေကို ရှိုင်းမာန်ခလဲ သူ့ရဲ့လက်ဖဝါးလေးဖြင့် သုတ်ပေးမိသည်။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now