Ep 10🍑

10.4K 591 18
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 10

ဆောင်းတွင်းနေရောင်ခြည်ဟာ ခပ်နွေးနွေးဖြစ်နေသော်လည်း... ဈာန်ဦးထိုက်၏ အင်္ကျီအပွကြီးဝတ်ထားတဲ့ကလေးငယ်ဟာ ချမ်းလို့ထင်ပါရဲ့...။ ဈာန်ဦးထိုက်ရဲ့ ရင်ခွင်ထဲ အတင်းတိုးဝင်ရင်း... စောင်ပုံကြားထဲနစ်မြုပ်နေ၏... ။

"အိပ်နေတာလေးက အပူပင်ကင်းလိုက်တာကွာ"

ယောက်ျားဖြစ်သူ၏နဖူးထက်သို့ အနမ်းဖွဖွချွေကာ.. အိပ်ယာမှထရင်း ရေချိုးရန်အတွက် ရေချိုးခန်းသို့​ဝင်လိုက်သည်...။ ဈာန်ဦးထိုက် ရေချိုးပြီးပြန်ထွက်လာသည်အထိ ယောက်ျားပေါက်စဟာ အိပ်နေဆဲပင်...။ အစောကြီးနိုးနေတာမို့ တအိမ်လုံးနိုးဦးမည်မထင်...။ စတိုင်ပန်ဘောင်းဘီရှည် မိုးပြာရောင်လေးကိုဝတ်ရင်း... အင်္ကျီမဝတ်သေးပဲ ကလေးငယ် နိုးလျှင်ဗိုက်ဆာမည်စိုးသောကြောင့် ... မနက်စာပြင်ရန်အတွက် အောက်ထပ်သို့ဆင်းကာ မီးဖိုဆောင်ထဲဝင်ရင်း.... မနက်စာပြင်မိသည်....။

"လူကြီး ဘာတွေလုပ်နေတာလဲ"

ရှိုင်းမာန်ခတယောက် ဈာန်ဦးထိုက်ရဲ့ရှပ်အင်္ကျီပွပွကြီးကိုဝတ်ကာ..... ဆံပင်ပွယောင်းယောင်းဖြင့် အိပ်ချင်မူးဝါးပုံစံလေးနဲ့ .... မီးဖိုဆောင်ထဲဝင်လာပြီး ဈာန်ဦးထိုက်၏ခါးကိုအနောက်မှသိုင်းဖက်ကာ.... ပုခုံးပေါ်သို့မေးတင်ရင်း ​မေးလိုက်ခြင်းဖြစ်သည်...။

"ပိစိလေးနိုးပြီလား... ကိုယ် ပိစိစားဖို့မနက်စာလုပ်ပေးနေတာ"

ဈာန်ဦးထိုက်က ပုခုံးပေါ်​မေးတင်ထားတဲ့ယောက်ျားပေါက်စ၏ မျက်နှာလေးကို... စောင်းငဲ့ကြည့်ကာ ဖြေလိုက်သည်.... ။ အပေါ်ပိုင်းအင်္ကျီမဝတ်ပဲ အေပရွန်အနီရောင်လေးကိုဝတ်ဆင်ထားတဲ့... ဈာန်ဦးထိုက်ရဲ့ ပုံစံဟာ အလွန်ကြည့်ကောင်းလှတာမို့ ရှိုင်းမာန်ခလဲ ဈာန်ဦးထိုက် မနက်စာပြင်နေတဲ့မီးခလုတ်လေးကိုလှမ်းပိတ်လိုက်ပြီး... ဈာန်ဦးထိုက်နဲ့မျက်နှာချင်းဆိုင်ဖြစ်စေရန် မီးဖိုစင်နဲ့ဈာန်ဦးထိုက်၏ခန္ဓာကိုယ် ကြားသို့တိုးဝင်လိုက်သည်...။

"ကျွန်တော့်ယောက်ျားက ဘယ်အချိန်ကြည့်ကြည့်ဆွဲဆောင်မှုရှိလွန်းတယ်ဗျာ"

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now