Ep 15🍑

8.4K 490 5
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 15

"ရိှုင်း ကိုယ်မင်းနဲ့သူငယ်ချင်းဖြစ်လို့ရမလား"

ရှိုင်းမာန်ခတယောက် ခုံပေါ်ခေါင်းမှောက်ကာ အိပ်နေစဥ်... ဇွဲခန့်၏စကားကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ အတန်းချိန်မပြည့်သေးတာမို့ ဇွဲခန့်က သူ့ဘက်သို့ခန္ဓာကိုယ်ကိုလှည့်ထိုင်ကာ ပြောနေခြင်းဖြစ်သည်... ။လေပြေက နေမကောင်း၍ ခွင့်ယူထားတာမို့ ရိှုင်းမာန်ခတယောက်ထဲဖြစ်နေခြင်း ဖြစ်သည်    ....။

"ကျွန်တော် ခင်ဗျားနဲ့မခင်ချင်ဘူး"

ရှိုင်းမာန်ခ ပြတ်သားစွာငြင်းလိုက်သည်...။ သို့သော် ဇွဲခန့်ကထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ရိှုင်းမာန်ခ၏လက်ကိုဆုပ်ကိုင်လာသည်  ....။

"ရိှုင်း ကိုယ့်ကိုမခင်ချင်ပေမယ့် ကိုယ်က ရှိုင်းနဲ့ခင်ချင်တယ်"

"ခင်ဗျား ကျွန်တော့်လက်လွှတ်"

"ဟင့်အင်း! ... ရိှုင်း ကိုယ့်ကိုခင်တယ်ပြောမှလွတ်မယ်"

ရိှုင်းမာန်ခပြောသော်လည်း ဇွဲခန့်က ရှိုင်းမာန်ခရဲ့လက်ကို လုံးဝလွှတ်ပေးခြင်းမရှိပေ... ။အတန်းသားတွေကလည်း ဝိုင်းကြည့်နေတာမို့ ရိှုင်းမာန်ခလဲရှက်သွားကာ    .... ဇွဲခန့် ကိုင်ထားသော သူ့ရဲ့လက်ကို လွတ်မြောက်စေရန် ဆောင့်ရုန်းလိုက်သည်....။

"ကျွန်တော့်လက်ကို လွှတ်လို့!!"

*ဝုန်းးး ခွပ်   !!!*

ရိှုင်းမာန်ခ ဆောင့်ရုန်းလိုက်သောကြောင့် အရှိန်မထိန်းနိုင်ဖြစ်ကာ...  ဇွဲခန့်တယောက် ကြမ်းပြင် ပေါ်တွင် ဖင်ထိုင်ရက်လဲကျ၍... စာရေးခုံစောင်းနဲ့ နဖူးကိုထိခိုက်မိသွားသည်... ။ထို့နောက် ဇွဲခန့်ရဲ့ နဖူးထက်မှစီးကျလာသော နီရဲရဲသွေးရည်တချို့ကြောင့် ရိှုင်းမာန်ခထိတ်လန့်သွားသည်  ....။

"အ့!!!!"

သူ့နဖူးသူကိုင်ကာ နာကျင်စွာညည်းနေတဲ့ ဇွဲခန့်၏ အနားသို့ ရိှုင်းမာန်ခသွားလိုက်ပြီး... မုဆိုးဒူးထောက်ထိုင်ချလိုက်သည်...။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now