Ep 13🍑

9.6K 527 8
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 13

ဒီဇင်ဘာဆောင်းဟာ အအေးဓာတ်လွန်ကဲလှသည်.... ။ စောင်ပုံကြားထဲ ပုဇွန်ထုပ်လေးပမာကွေးနေသော ယောက်ျားပေါက်စဟာ အသည်းယားဖွယ်အတိ....။

"ပိစိလေး အိပ်ယာထတော့လေ "

နှာခေါင်းလုံးရဲရဲလေးကို ခပ်ဖွဖွကိုက်ရင်းနှိုးမိတော့... လက်သေးသေးလေးတွေဖြင့် မျက်နှာကိုတွန်းဖယ်ခြင်းခံရ၏...။

"အင့်... အစောကြီးရှိသေးတယ်လေ ထချင်သေးဘူး ဟင့်"

မျက်လုံးမဖွင့်ပဲ မျက်နှာလေးရှုံ့မဲ့ကာ... အိပ်ယာနှင့်နှစ်ပေါင်းများစွာဝေးကွာနေသော... ချစ်သူတွေပမာ သံမှိုစွဲသလိုတွယ်ကပ်နေ၏...။ ဈာန်ဦးထိုက်လဲ ယောက်ျားပေါက်စရဲ့ ပါးလေးနှစ်ဖက်ကို လက်နှစ်ဖက်နှင့်ညှစ်မိတော့... နုတ်ခမ်းဖူးလေးဟာ ငှက်လေးတွေရဲ့နုတ်သီးကဲ့သို့ စုချွန်သွားသည်...။

"အိပ်ပုတ်မကြီးနဲ့ ဝက်ပေါက်လေး... ဒီနေ့ခရစ်စမတ်နေ့လေကွာ... ခရစ်စမတ်သစ်ပင်လှလှလေးလုပ်ဖို့ ကလေးနဲ့ ကိုယ် ဈေးထွက်ဝယ်ကြမယ်လေ"

ထိုသို့ပြောတော့မှ မျက်ဝန်းတောက်တောက်လေးတွေဟာ ပွင့်လာသည်...။ တကယ်ပါလေ ။သူ့ရဲ့ကလေးငယ်လောက်ချစ်ဖို့ကောင်းတဲ့သူ ဒီကမ္ဘာပေါ်တွင်ထပ်ရှိမည်မထင်။

"လူကြီး ကုမ္ပဏီကိုမသွားဘူးလား"

"အင်း... ဒီတနေ့တာလုံးဟောဒီကယောက်ျားပေါက်စလေးနဲ့အချိန်တွေကုန်ဆုံးချင်လို့လေ"

ဈာန်ဦးထိုက်၏စကားကိုကြားတော့ ကလေးငယ်ဟာ ပါးဖောင်းဖောင်းလေးတွေမို့တက်သည်အထိ နှစ်လိုဖွယ်ပြုံးလာသည်။

"ဝါးးးး... လူကြီးကအရမ်းချစ်ဖို့ကောင်းတာပဲ"

ပြောရင်းနှင့်ပင် ဈာန်ဦးထိုက်၏နုတ်ခမ်းပေါ်သို့... အနမ်းနုနုခြွေချလေသည်...။  သူ့ရဲ့ သမာဓိအားတွေကို ဒီက​လေး စမ်းသပ်နေရော့သလား..။

"မျက်နှာသစ် ရေချိုးတော့နော် ကိုယ် ပိစိအတွက် အင်္ကျီထုတ်ထားပေးမယ်"

"Yes sir...."

ကုတင်ပေါ်မတ်တပ်ရပ်ကာ အလေးပြုသလိုလေးလုပ်ပြပြီး...  ကုတင်ပေါ်မှပြေးဆင်းကာ ရေချိုးခန်းထဲဝင်သွားတဲ့....  ယောက်ျားပေါက်စကိုကြည့်ကာ ဈာန်ဦးထိုက်ပြုံးလိုက်မိသည်....။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now