Ep 3🍑

13.1K 856 27
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 3

ယနေ့ဟာထည်ဝါလုပ်ငန်းစု၏ အကြီးဆုံးသားဖြစ်သော ဈာန်ဦးထိုက်နှင့် ဆည်းဆာရိပ်မြုံ အိမ်တော်၏ တစ်ဦးတည်းသော သားဖြစ်သော ရှိုင်းမာန်ခ တို့၏ မင်္ဂလာပွဲနေ့ဖြစ်သည်..... ။ အစိမ်းနုရောင် သတို့သားဝတ်စုံဆင်တူလေးဝတ်ဆင်​ထားသော သတို့သားနှစ်ယောက်ဟာ အလွန်လိုက်ဖက်လွန်းလှသည်..။

"အင့် လည်ပင်းအစ်တယ် ဟင့်"

ရှိုင်းမာန်ခ၏ အသံ​ကြောင့် ဒီဇိုင်နာထံတွင် သတို့သားဝတ်စုံဝတ်ပေးခြင်းခံနေသော ဈာန်ဦးထိုက်တယောက်.. ရှိုင်းမာန်ခရဲ့ အနားသို့ချက်ချင်းရောက်သွားသည်...။

"ခင်ဗျားဘယ်လိုလုပ်နေတာလဲ ကလေးကလည်ပင်းအစ်နေပြီလို့ ပြောနေတယ်လေ"

ရှိုင်းမာန်ခကို သတို့သားဝတ်စုံဝတ်ပေးနေသော အကူမိန်းကလေးကို... ဈာန်ဦးထိုက်လဲ လေသံမာမာနဲ့ပြောလိုက်တော့ ထိုမိန်းကလေး၏ ခန္ဓာကိုယ်တုန်သွားသည်... ။

"တောင်း တောင်းပန်ပါတယ် CEO"

အကူမိန်းကလေးဟာ ဈာန်ဦးထိုက်အား ခါးကျိုးကျမတက် တောင်းပန်လေ၏။

"ဖယ်တော့ ကျုပ်ပဲလုပ်ပေးလိုက်တော့မယ်"

ဈာန်ဦးထိုက် ပြောလိုက်တော့ အကူမိန်းကလေးလဲ ဘေးဖယ်ပေးသည်...။ ယောက်ျားပေါက်စ ကိုကြည့်လိုက်တော့ မျက်ရည်လေးပင်ဝဲနေလေပြီ...။

"ခေါင်းနဲနဲမော့လိုက် ဖဲပြားလဲချည်မနေနဲ့တော့..လည်ပင်းနားက ကြယ်သီးတလုံးဖြုတ်လိုက်မယ်နော်"

နဂိုထဲက စိတ်မြန်လက်မြန်ရှိသော ဈာန်ဦးထိုက်ဟာ အပြောထက်အလုပ်ကအရင်ဖြစ်နေ၏။... သူ့ရဲ့ လက်တွေက ယောက်ျားပေါက်စရဲ့ အင်္ကျီကော်လံနားက ကြယ်သီးကိုဖြုတ်လိုက်သည်...။

" ခုမှပဲအသက်ရှူဝတော့တယ် ဟူးး"

နုတ်ခမ်းလေးစူကာ လေကိုမှုတ်ထုတ်ရင်း ပြောသော ရှိုင်းမာန်ခ၏ ပုံစံလေးဟာ... အသည်းယားစရာဖြစ်နေတာမို့ ဈာန်ဦးထိုက်လဲ  သဘောကျစွာပြုံးရင်း... ယောက်ျားပေါက်စရဲ့ ပါးဖောင်းဖောင်းလေးကို မနာအောင်ခပ်ဖွဖွဆွဲလိုက်သည်..။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now