Ep 18🍑

9.5K 508 7
                                    

Uni

💞ဦးရဲ့ချစ်လှစွာ​ေသ​ာခင်ပွန်း💞

Ep 18

"လူကြီး မနက်ဖြန် ကျွန်တော်သူငယ်ချင်းလေပြေရဲ့ မင်္ဂလာပွဲရှိတယ်... အတူသွားရအောင်နော်"

ကုတင်ခေါင်းရင်းတွင် ခေါင်းအုံးထောင်ကာ ကျောမှီထိုင်နေသော... ဈာန်ဦးထိုက်၏ရင်ခွင်ထဲ ဝင်ထိုင်၍ ဂိမ်းဆော့နေရင်း ရှိုင်းမာန်ခက ပြောခြင်းဖြစ်သည်။

"ကလေးလေး သဘောလေ အတူသွားကြတာပေါ့...  လက်ဖွဲ့ကရော ဘာလက်ဖွဲ့ချင်လဲ ကလေး"

ယောက်ျားပေါက်စ၏ ခါးလေးကို လက်ဖြင့်သိုင်းဖက်ကာ.. ဂုတ်အသားဖြူဖြူလေးကို...  မထိတထိနမ်းရင်း ဈာန်ဦးထိုက်ကမေးတော့ ဂိမ်းဆော့တာကိုရပ်ကာ ဖုန်းကိုဘေးသို့ချထားရင်း.. ဈာန်ဦးထိုက်နှင့်မျက်နှာချင်းဆိုင်လှည့်ထိုင်ကာ....  ခင်ပွန်းဖြစ်သူ၏ လည်တိုင်ကိုသိုင်းဖက်တာမို့ ဈာန်ဦးထိုက်လဲ ကလေးငယ်၏ ခါးလေးကို...  အလိုက်သင့်ထိန်းကိုင်ပေးလိုက်သည်... ။ထို့နောက် သူရဲ့ ပုခုံးပေါ်သို့ခေါင်းမှီရင်း မျက်နှာလေးကို...  ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် ပွတ်သပ်ကာချွဲနေပုံမှာ တခုခုတောင်းဆိုတော့မည့်ပုံပင်....။

"ဟိုလေ လေပြေကလဲ ခုမှကျောင်းတက်တုန်းရယ်... သူနဲ့ယူမယ့်သူက လူကြီးရဲ့ကုမ္ပဏီကဝန်ထမ်းနဲ့ယူမှာတဲ့...  သူတို့လွတ်လွတ်လပ်လပ်နေလို့ရအောင် အိမ်လေးတလုံးလက်ဖွဲ့ပေးချင်တယ် လူကြီး"

ယောက်ျားပေါက်စ ချွဲစိန်လေးက တောင်းဆိုလာတော့လဲ ဈာန်ဦးထိုက်ဆိုသည်မှာ ခေါင်းငြိမ့်ပြီးသားပင်...။

"ကလေးလေးဆန္ဒအတိုင်းဖြစ်စေရမယ်နော်... ကဲ ခုတော့ အိပ်ရအောင်နော်"

"ဟုတ်ကဲ့ ... လူကြီး "

ထို့နောက် ဈာန်ဦးထိုက်က ပက်လက်အနေထားအိပ်ကာ ယောက်ျားပေါက်စကတော့ ဈာန်ဦးထိုက်၏  ရင်ဘတ်ပေါ်တွင် ဖားပျံလေးတကောင်ပမာ မှောက်လျက်တွယ်ကပ်ခါ အိပ်လေသည်...။ ဈာန်ဦးထိုက်ရဲ့ လက်တွေကတော့ ကလေးငယ်၏ တင်ပါးလုံးလုံးလေးကိုပုတ်ကာသိပ်ရင်း ယောက်ျားပေါက်စရဲ့ ဆံပင်အိအိလေးကို နမ်းရှိုက်ကာ အိပ်စက်လေသည်....။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now