Ep 8🍑

10.3K 652 22
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 8

ရှိုင်းမာန်ခတယောက် အဖျားရှိန်ဖြင့်အိပ်ပျော်နေရာမှ နိုးလာခဲ့သည်... ။ခန္ဓာကိုယ်လှုပ်မရဖြစ်နေသည်မို့ မျက်ဝန်းလေးအသာဖွင့်ကြည့်တော့...  လူကြီး၏တင်းကြပ်စွာပွေ့ဖက်ထားခြင်းခံရမှန်းသိလိုက်ရသည်....။ ရှိုင်းမာန်ခလဲနိုးနေသည်ကိုမထသေးပဲ အနီးကပ်မြင်ရသော ခင်ပွန်းဖြစ်သူ၏ မျက်နှာအစိတ်ပိုင်းတခုစီကို လက်ညိုးလေးဖြင့်ထိကြည့်နေမိသည်...။

" သေချာကြည့်တော့မှ ငါ့ယောက်ျားက တော်တော်ချောတာပဲ"

ယောက်ျားဖြစ်သူ၏မျက်နှာကိုကြည့်ကာ ချီးမွမ်းခန်းဖွင့်နေတဲ့ရှိုင်းမာန်ခဟာ....  ရုတ်တရက်  ဈာန်ဦးထိုက်၏ခန္ဓာကိုယ်အနည်းငယ်လှုပ်လာသည်မို့....  အမြန်ပင်အိပ်ချင်ယောင်ဆောင်လိုက်သတဲ့....။

"အိပ်ပုပ်လေး ခုထိမနိုးသေးဘူးပဲ... မှန်းစမ်း! ကိုယ်ပူတော့ကျသွားပြီပဲ"

ဈာန်ဦးထိုက်တယောက် ယောက်ျားပေါက်စ မနိုးသေးဘူးအထင်နှင့် ကလေးငယ်၏ နဖူးလေးကို ကိုယ်ပူစမ်းလိုက်သည်... ။ကိုယ်ပူကျသွားသည်ဆိုတော့မှ ဈာန်ဦးထိုက် စိတ်​အေးရသည်...။

"အိပ်နေတဲ့ပုံလေးက အသည်းယားဖို့ကောင်းလိုက်တာကွာ"

အိပ်နေတဲ့ယောက်ျားပေါက်စ၏ နုတ်ခမ်းလေးကိုအနမ်းခြွေရန်... ကလေးငယ်ရဲ့ မျက်နှာအနားသို့ သူ၏မျက်နှာတိုးကပ်သွားလေသည်....။ နီးကပ်လာသောလေငွေ့နွေးနွေးကြောင့် ရှိုင်းမာန်ခ မျက်လုံးလေးဖွင့်ကြည့်လိုက်သည်...။

*ဘုန်းးး အ့"

ဈာန်ဦးထိုက်တယောက် ယောက်ျားပေါက်စ၏ နုတ်ခမ်းကိုနမ်းရန်ပြင်လိုက်စဥ်...  ရှိုင်းမာန်ခကမျက်လုံးဖွင့်လိုက်တာမို့... လန့်သွားကာ ကုတင်ပေါ်မှပြုတ်ကျသွားသည်....။

"ဟယ် လူကြီး! အဲ့အောက်မှာဘာဆင်းလုပ်နေတာလဲ"

ရှိုင်းမာန်ခတယောက် ကုတင်ပေါ်မှပြုတ်ကျသွားသောယောက်ျားဖြစ်သူကို... မျက်လုံးအဝိုင်းသားလေးဖြင့် အံ့ဩသလိုကြည့်ရင်းမေးလိုက်သည်။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now