final🍑

16.2K 689 24
                                    

Uni

💞ဦးရဲ့ချစ်လှစွာ​ေသ​ာခင်ပွန်း💞

ဇာတ်သိမ်းပိုင်း

ဈာန်မေရှား၏ ဖုန်းဆက်အကြောင်းကြားမှုကြောင့် ဦးခန့်မာန်နဲ့ ဒေါ်နန်းသူဇာ အပါဝင်ဦးဈာန်သစ်နဲ့ဒေါ်ခင်နွယ်ပါ ဆေးရုံသို့ရောက်ရှိလာသည်...။

"သားကြီး သားငယ်လေး မွေးပြီလား..."

"သခင်လေးဈာန်ဦးထိုက် ပိစိမွေးပြီလား"

ဈာန်ဦးထိုက်တို့အနားရောက်သည်နှင့် တပြိုင်နက်ထဲမေးသောမေးခွန်းကြောင့် ဈာန်ဦးထိုက်နှင့်ဈာန်​မေရှားလဲ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်...။

"ခွဲခန်းထဲမှာပဲရှိသေးတယ်မာမီ.. ပိစိကိုညီလေးကိုယ်တိုင် မွေးပေးနေတယ် သိပ်လဲစိတ်မပူပါနဲ့..."

အမေနှစ်ယောက်ကို စိတ်မပူစေရန်သာပြောနေသော်လည်း.. သူကိုယ်တိုင်ကယောက်ျားပေါက်စကို  စိုးရိမ်စိတ်ဖြစ်နေသည်မှာ လက်ဖျားခြေဖျားတွေပင်အေးစက်နေလေပြီ... ။ထို့နောက် မိဘတွေကို ခုံမှာထိုင်ခိုင်း၍ သူနဲ့ဈာန်​မေရှားကတော့ ခွဲခန်းရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေလေသည်..။

"ကိုကိုကြီးရေ ယောက်ဖလေးက တူလေးသုံးယောက်တောင်မွေးတယ်ကွ..."

ခွဲခန်းဝတ်စုံဝတ်ကာ ခွဲခန်းထဲမှခုန်ပေါက်၍ထွက်လာသော ဈာန်ရှားက ဝမ်းသာအားရပြောသောကြောင့် မိဘတွေနှင့်အတူ ဈာန်ဦးထိုက် အလွန်ပျော်သွားသည်...။

"သား သားလေးသုံးယောက်တောင် မွေးတယ် ဟုတ် ဟုတ်လား... ဟားး  ပျော် ပျော်လိုက်တာ!"

ဈာန်ဦးထိုက်မှာပျော်လုံးဆို့ကာ စကားတွေပင်ထစ်နေလေသည်...။

"ခမည်းခမက်ရေ ကျွန်မတို့တော့ မြေးယောက်ျားလေး သုံးယောက်ကို တခါထဲရလိုက်တာပဲ ဝမ်းသာလိုက်တာရှင်..."

"ဟုတ်ပ့ါရှင် ဟုတ်ပါ့ ကျွန်မဖြင့် ပျော်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ပါဘူး.."

"ကိုကိုကြီးရေ ညီမလေးတော့ တူလေးသုံးယောက်တောင်ရတယ်ဆိုတော့ ပျော်လိုက်တာ ဟင့်..."

ဈာန်မေရှားဟာ ပျော်လွန်းလို့ မျက်ရည်ပင်ကျသည်အထိ... ။

"ညီ..  မင်းရဲ့ယောက်ဖလေးနဲ့ သားလေးတွေရော အဆင်ပြေရဲ့လား..."

You've reached the end of published parts.

⏰ Last updated: Sep 20, 2022 ⏰

Add this story to your Library to get notified about new parts!

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now