Ep 14🍑

8.4K 510 12
                                    

Uni

💞ဦးရဲ့ချစ်လှစွာသောခင်ပွန်း💞

Ep 14

ခရစ်စမတ်နေ့ပြီးသွားတော့ ကျောင်းပြန်ဖွင့်တာမို့... ယောက်ျားပေါက်စကို ဈာန်ဦးထိုက် ကျောင်းလိုက်ပို့ရသည်....။

"ကလေးလေး ကျောင်းမှာစာကြိုးစားနော်"

"ဟုတ်ကဲ့ လူကြီး... goodbye kiss မွ"

ဈာန်ဦးထိုက်၏ နုတ်ခမ်းကို ဖြတ်ခနဲနမ်းကာ...  ကားပေါ်ကပြေးဆင်သွားလေသည်...။ ရုတ်တရက်မို့ ဈာန်ဦးထိုက်တယောက် သူ့နုတ်ခမ်းကိုလက်ဖြင့်ကိုင်ကာ....  ကြောင်အနေမိသည်...။

"ဝိုး လေပြေ ဒီနေ့ကျောင်းလာတာစောလှချည်လား"

ရှိုင်းမာန်ခကျောင်းထဲဝင်တော့ ကန်တင်းသို့သွားရန်ပြင်နေသော လေပြေကို တွေ့တာမို့... အနောက်ကနေပြေးလိုက်ကာ ပုခုံးကိုဖက်ရင်း စကားဆိုလိုက်ခြင်းဖြစ်သည်...။

"အံမယ် သူကသာ ယောက်ျားရင်ခွင်ထဲနှပ်နေရလို့ အိပ်ယာထနောက်ကျပြီးတော့"

"အေးပေါ့ကွာ ငါက​ေတော့ ဆောင်းအေးအေးမှာ ငါ့လူကြီးရင်ခွင်ထဲဝင်ပြီး နှပ်နေနိုင်တာပေါ့... မင်းတို့လိုfaတွေကျတော့လဲ တိုးဝင်စရာရင်ခွင်မရှိတော့ စောစောထရတာမဆန်းပါဘူး"

"ဘာ!! ရှိင်းမာန်ခ မင်းငါ့ကို သပ်သပ်ဖဲ့တာပဲ...ငါနဲ့တွေ့မယ် မင်း လွှတ်အောင်ပြေးစမ်း"

"ဘလာ ဘလာ... မကြောက်တာဆယ့်နှစ်ခါ... မိအောင်ဖမ်းစမ်း ဟားဟား"

အနောက်ကလိုက်ထုနေသော လေပြေကို...  လမ်းအနောက်ပြန်လျှောက်ရင်း လျှာထုတ်ကာ မျက်နှာပြောင်လျှက် ပြေးလေသည်...။

*ဘုတ်!!!!*

*အင့်*

အရှေ့ကိုကြည့်မလျှောက်တာမို့ လူတယောက်နှင့် ရှိုင်းမာန်ခ ဝင်တိုက်မိသောအခါ.. မြေပြင်ပေါ်သို့ဖင်ထိုင်ရက် လဲကျလေသည်....။

"ခင်ဗျား လူတယောက်လုံးလာတာ မတွေ့ဘူးလား...အ့ နာလိုက်တာ"

ဇွဲခန့်တယောက် လမ်းလျှောက်လာစဥ် သူ့ကိုရုတ်တရက်ဝင်တိုက်ကာ...  လဲကျသွားသောကောင်လေးကို ဆွဲထူပေးမည်ပြုစဥ် ထိုင်နေရက်ပင် ခေါင်းလေးမော့လျှက်...  နုတ်ခမ်းလေးထော်ကာ သူ့ကိုရန်တွေ့နေသောကောင်လေးကြောင့် ငေးကနဲဖြစ်သွားသည်    .... ။

ဦးရဲ့ချစ်လှစွာသောခင်ပွန်း (Z+U)(Complete)Where stories live. Discover now