prologue

26K 863 8
                                    

ရွှိရန်ကတံခါးကိုတွန်းဖွင့်ကာ အထဲသို့ဝင်လာခဲ့လေသည်။ရိကျယ်က သူ၏"သီးသန့်မိုးလုံ​လေလုံအားကစား"ကိုအ​ပေါ်ပိုင်းဗလာနှင့် နောက်တစ်ကြိမ်ထပ်လုပ်​နေ​ကြောင်းမြင်လိုက်ရပြီး သူ၏လုပ်ရိုးလုပ်စဉ်သည်မတုန်မလှုပ် မည်သည်ကိုဖြစ်လာကြောင်း သိသဖြင့် အ​နောက်မှတံခါးကိုအလျင်အမြန်​လော့ချလိုက်လေသည်။သူ၏ထူထဲလှသည့် လက်အိတ်ကိုချွတ်လိုက်ပြီး လက်များကိုအတူတကွပွတ်သပ်လိုက်၏။

"ငါ့ရှေ့မှာမင်းရဲ့ခန္ဓာကိုယ်ကိုရည်ရွယ်ချက်ရှိရှိ ပြနေတာပဲ ဟုတ်တယ်မလား?"

ရွှိရန်ကရိကျယ်၏ နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ကိုယ်ဘေးတွင်ကျုံ့ကျုံ့လေးထိုင်လိုက်ပြီး ရယ်ရင်းဖြင့်ဆိုလာ၏။

"ရုရှားတွေက မကြာခင်နေပြန်ထွန်းလာမယ့်ဟာကိုဂုဏ်ပြုဖို့ ကိုယ်လုံးတီးပြိုင်ပွဲကိုဦးဆောင်ကျင်းပမယ်လို့ငါကြားထားတယ် ငါတို့မင်းကိုနိုင်ငံ့ဂုဏ်ဆောင်ဖို့ စောင့်နေမယ်!"

ရိကျယ်သည် သူ့ကိုလျစ်လျူရှုလိုက်လေသည်။ သူ၏အာရုံစူးစိုက်မှုတိုင်းကို push-upမှန်ကန်စွာလုပ်ရန်သာ ဂရုစိုက်​နေခဲ့လေသည်။

ရွှိရန်သည်နှုတ်ခမ်းစူလိုက်ပြီး​ ကောင်းမွန်သောကြွက်သားများနှင့်​ချော​မော​သော လူ၏ခန္ဓာကိုယ်မြင်ကွင်းကိုခံစားရန် သူ၏ပုံမှန်လုပ်ရိုးလုပ်စဉ်ကိုစတင်ခဲ့လေတော့သည်။သူသည်နေ့တိုင်းပြုလုပ်နေသကဲ့သို့ "အေး​​နေပြီလား?"ဟုမေးလိုက်လေသည်။ သူက "မ​အေးဘူး" ဟုတုံ့ပြန်မှုကိုပြန်ရပြီးနောက် ရွှိရန်သည် ​နောက်တစ်ကြိမ်ပုံမှန်အတိုင်းသူ၏အလှအပရသခံစားမှုအာရုံကို စတင်ငြီးငွေ့လာ​တော့သည်။သူက ၎င်းသည်မည်မျှငြီးငွေ့ဖွယ်ကောင်း​ကြောင်း ဆူဆူညံညံပြုလုပ်ပြီး​နောက်တွင် စားပွဲ‌ရှေ့တွင်ထိုင်ကာ သူ့အီးမေးလ်ကိုစတင်စစ်ဆေးနေတော့သည်။

"Fuck!"

ယနေ့targetကိုပြည့်မီရန်အတွက် သုံးကြိမ်လိုအပ်နေဆဲ။ရွှိရန်၏​အော်သံက ရိကျယ်၏နားများကိုတုန်ခါသွား​စေပြီး နောက်ဆုံးတွင်သူ့က​မော့ကြည့်လာတော့သည်။ရွှိရန်သည်များသောအားဖြင့်စကားကြောရှည်လှသူတစ်ဦးဖြစ်သည့်တိုင် ကျိန်ဆဲခဲလှ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now