Chapter 10

1.7K 225 8
                                    

အချိန်အကြာကြီးခွဲခွါခဲ့ရပြီးနောက် သူငယ်ချင်းဟောင်းများ ပြန်လည်ဆုံတွေ့ရခြင်းသည် အမြဲတမ်းစိတ်လှုပ်ရှားစရာ ကိစ္စတစ်ခုဖြစ်ခဲ့သည်ပင်။တိုက်ဆိုင်စွာပင် သူတို့သည် တက္ကသိုလ်သို့ထွက်ခွါခဲ့သည့် ပထမဆုံးနှစ်ထဲကနှုတ်ဆက်ခဲ့ခြင်းဖြစ်၏။လူတိုင်းသည် အပြောင်းအလဲအချို့ကိုတွေ့ကြုံခဲ့ရပြီး ရလဒ်တစ်ခုအနေဖြင့် ရှည်လျားသောအကြံဥာဏ်အရိပ်အမြွက်တို့ဖြင့် သွက်လက်စွာပြောဆိုမှုများ ဖြစ်ပေါ်လာခဲ့သည်။

အုပ်စုလိုက် စားသောက်ဆိုင်၏မှန်တံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် လမ်း၌လူတော်တော်လေးနည်းနေလေပြီ။အရက်သောက်ထားသူ အားလုံးကလည်း တော်တော်လေးကိုသောက်ထားကြခြင်းပင်။မိမိကိုယ်ကို ထိန်းချုပ်မှုပျောက်ဆုံးသွားသည့် အတိုင်းအတာအထိမဟုတ်သည့်တိုင် အချို့မှာဟိုအကြောင်းဒီအကြောင်းကို ယောင်ဝါးဝါးပြောဆိုနေကြပြီး ၎င်းတို့၏ စကားလုံးများမှာလည်း အဓိပ္ပာယ်မဲ့ လက်ဟန်ခြေဟန်များနှင့် ရောယှက်နေလျက်။သူတို့မှာ တစ်ယောက်ကိုတစ်ယောက် မှီတွယ်ထားကြရင်း ဘယ်သူကမှ ထွက်ခွါမည့်အကြောင်းစပြောမလာခဲ့။

ပရမ်းပတာအခြေအနေ၌ ရုတ်တရက်မိန်းကလေးတစ်ယောက်ကထအော်လာခဲ့၏။

"နှင်းကျနေပြီ!"

ရွှီထန်းချန်က သူ့ခြေထောက်ကိုငုံကြည့်နေခဲ့ခြင်းပင်။ယခုအချိန်တွင်တော့ ခေါင်းကိုမော့လိုက်သော်လည်း သူ့အမြင်အာရုံကတော့ ခြေတစ်လှမ်းနောက်ကျနေဆဲ။သူမော့မကြည့်ရသေးခင်၌ နှင်းမှုန်များက သူ့နှာဖျားပေါ်ကျဆင်းလာခဲ့၏။ထိတွေ့ရခြင်းမှာ အမှန်တစ်ကယ်ပင်အေးခဲနေလေပြီး အံ့ဩသင့်မှုကြောင့် အသံလေးများပင် ထုတ်လွှတ်မိသွားလေသည်။

ကျဆင်းနေသော နှင်းမှုန်လေးများကိုကြည့်ရန် သူ၏မူးဝေနေသောမျက်လုံးကို အာရုံစိုက်နိုင်လာအောင်ကြိုးစားနေစဉ်မှာပင် သူမြင်ခဲ့ရသောအရာမှာ အခြားတစ်ခုဖြစ်နေခဲ့လေသည်။

စက်ဘီးတစ်စီးနှင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်သည် ပြောင်ရှင်းနေသော သစ်ပင်အောက်တွင်ရပ်နေလေသည်။ကျောင်းဝတ်စုံ၏ အပြင်ဘက်တွင် သူအလွန်ရင်းနှီးနေခဲ့လေသော အနက်ရောင်ဂျာကင်ရှည် တစ်ထည်ကိုဝတ်ဆင်ထား၏။သူသည် ငြိမ်သက်စွာရပ်နေပြီး တိတ်ဆိတ်စွာငေးကြည့်နေသူတစ်ဦးသာ။သို့သော် သူ့နောက်ကွယ်မှရွေ့လျားနေသော ကားများ၏မီးရောင်များသည် သူ့အတွက် ရှုပ်ထွေးလှသောနောက်ခံတစ်ခု ဖြစ်လာစေခဲ့သည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now