Chapter 24

1.1K 191 0
                                    

24
ကားက ရပ်ကွက်အ၀င်ဝတွင်ရပ်သွားလေသည်။ကားတံခါးကိုနှစ်ခါပိတ်ပြီးနောက် ရိကျယ်လည်း ဆင်းလိုက်၏။

အနီးနားတွင် စူပါမားကတ်တစ်ခုရှိလေသည်။  စူပါမားကတ်ရှေ့တွင် ပင်းထန်ဟူလုသီချင်းကို တီးခတ်ထားသည့် hawthornထန်ဟူလုများရောင်းသည့် အစားအသောက်ကားတစ်စီးရှိလေသည်။

ရိကျယ်သည် တေးဂီတလွင့်ပျံလာရာသို့လှမ်းကြည့်လိုက်ရာ နံပါတ်(၁)အထက်တန်းကျောင်း၏ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ကောင်လေးနှစ်ယောက်သည် အုတ်နံရံပေါ်တွင်ထိုင်ကာ အိတ်တစ်လုံးစီ လက်ထဲတွင်ကိုင်ဆောင်ထားသည်ကိုတွေ့လိုက်ရသည်။အသက်တစ်ချက်ရှုတိုင်း ထွက်ပေါ်လာသည့် လေငွေ့ဖြူဖြူများက hawthornထန်ဟူလုပေါ်တွင် ဖုံးအုပ်ထားသည့်အဖြူရောင် သကြားရည်များဖြင့်တူညီလေသည်။

အကြည့်များကို ပြန်ရုပ်လိုက်၏။ကားနောက်ဘက်သို့လမ်းပြန်မလျှောက်တော့ဘဲ ကားဘေးနားတွင် ငြိမ်သက်စွာရပ်ကာ စကားပြောနေသောလူနှစ်ယောက်ကို ကြည့်နေလိုက်၏။

ရုတ်တရက် တစ်စုံတစ်ယောက်ကသူ့ပခုံးကို ပုတ်လာခဲ့သည်။ရိကျယ်က ခေါင်းကိုလှည့်ကြည့်လိုက်ရာ လုံလုံခြုံခြုံဝတ်ဆင်ထားသော ရွှီထန်းရှီဖြစ်ကြောင်း တွေ့လိုက်ရ၏။

"အစ်ကိုရိကျယ် အဲဒီမိန်းကလေးက ဘယ်သူလဲ?"

ရွှီထန်းရှီက သူ့ကို အခုမှတွေ့ခြင်းဖြစ်သော်လည်း သူနှင့်စကားပြောရန် အလွန်မအားမလပ်ဖြစ်နေခဲ့၏။သူမက သူ့ဘေး၌ပုန်းအောင်းရင်း ကားနောက်မှလူနှစ်ယောက်ကို စိုက်ကြည့်နေလေသည်။သူမ၏ မျက်လုံးများထဲတွင်တော့ စိတ်လှုပ်ရှားမှုများကပြည့်လျှံနေ၏။

"အစ်ကိုထန်းချန်ရဲ့ ကျောင်းနေဖက်ဟောင်း"

သူက အတိုချုံးရှင်းပြလိုက်၏။

သူ့စကားလုံးများက လေထုထဲ၌သာ ရှိနေသေးသည့်အချိန်တွင် တချိန်လုံး ဝမ်ကျီနှင့်စကားပြောနေခဲ့သည့် ထိုသူက တစ်ခုခုကိုအာရုံခံမိပြီးရုတ်တရက် လှည့်ကြည့်လာ၏။ခေါင်းတစ်ခြမ်းက ပေါ်ထွက်နေသည်ကိုသူမြင်လိုက်ရချိန်၌အံ့ဩသွားလေသည်။ထို့နောက် ခေါင်းငုံကာရယ်မောလိုက်မိ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now