Chapter 2

4K 401 13
                                    

ပထမနှစ်တွင် PhDအတန်းများကိုပြီးလိုသောကြောင့် ရွှီထန်းချန်သည် ၎င်းအတွက် ဘာသာရပ်များစွာကို ရွေးချယ်ခဲ့ရလေသည်။ကျောင်းစာနှင့်အလုပ်များနေခြင်း၏အကျိုးဆက်မှာ ယခင်ကအနည်းဆုံးတစ်ပတ်တစ်ကြိမ် အိမ်ပြန်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်ပြန်ရောက်ပြီးနောက် တစ်လကျော် ကျောင်း၌နေခဲ့ရလေသည်။

ရွှီထန်းရှီ၏မွေးနေ့နီးမှသာ အတန်းတစ်ခုကို​​ပျက်၍ အိမ်သို့ပြန်ခဲ့ရလေသည်။သူကကိတ်မုန့်တစ်ခုကိုဝယ်ယူခဲ့ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် လမ်းလွှဲမှမောင်းကာ ရွှီထန်းရှီကြိုက်နှစ်သက်သည့်ဖယောင်းတိုင်အမျိုးအစားကိုဝယ်ရန်
နံပါတ် ၁ အထက်တန်းကျောင်းဘေးရှိ
ကိတ်မုန့်ဆိုင်သို့ကားမောင်းလာခဲ့၏။

ပန်းပွင့်တန်းလမ်းတစ်လျှောက် ကိတ်မုန့်ဆိုင်သို့တစ်​ယောက်တည်းလမ်းလျှောက်ရင်း ရွှီထန်းချန်သည် ကျောင်းယူနီဖောင်းဝတ်ထားသောကောင်လေးတစ်ယောက်က နံရံပေါ်ကနေခုန်ချနေသည်ကို ရုတ်တရက်တွေ့လိုက်ရ၏။ကောင်လေးက ဆင်းလာပြီးနောက် ဒူးထောက်ချလိုက်သဖြင့် မထခင်၌ ခန္ဓာကိုယ်ကအနည်းငယ်ယိမ်းယိုင်သွား၏။ထို့နောက် သူကခေါင်းကိုငုံပြီး လက်များပေါ်တွင် ​ပေ​နေသောဖုန်များကို ခါပစ်လိုက်လေသည်။

သတိ​ပေးခြင်းမရှိပဲ​ ကောင်​လေးက​မော့ကြည့်လိုက်ပြီးရွှီထန်းချန်နှင့်အကြည့်ချင်းဆုံသွားမိ၏။

စီနီယာအထက်တန်း​တတိယနှစ်​ကျောင်းသား​များအတွက် ယူနီ​ဖောင်းနှင့် အကျွမ်းတဝင်​နေ​​သောမျက်နှာပင်။

ရွှီထန်းချန်သည် ပါးစပ်ထဲသို့ထည့်လိုက်သောစီးကရက်ကိုဖယ်လိုက်ပြီး အပြုံး​မမည်သောအပြုံးဖြင့်သူ့ကိုကြည့်လိုက်၏။ထို့နောက်မျက်ခုံးပင့်လျက် နံရံကိုကြည့်လိုက်၏။

"ကျွန်​တော်..."

ရိကျယ်က မပီမသရေရွတ်လာ၏။ရွှီထန်းချန်၏မျက်နှာပေါ်မှအကြည့်ကို မြင်လိုက်ရပြီးနောက် သူကစိတ်ရှုပ်ထွေးစွာအသက်ရှူထုတ်လိုက်မိလေသည်။

"ကျွန်​တော်အစာအိမ်နာနေလို့ ဆေးသွားဝယ်မလို့ပါ"

သူပြောပြီးသွားသည်နှင့် ကျောင်းလွယ်အိတ်ကပြုတ်ကျလာပြီး သူ့ပခုံးကိုကြမ်းတမ်းစွာရိုက်မိသွားတော့သည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now