Chapter 22(U)

1.3K 178 3
                                    

22

သူတို့အဆောင်မှထွက်လာပြီးမှသာ
ရိကျယ်သည် ကျောင်းသားသစ်တစ်ယောက် ဖြစ်ခြင်း၏ စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည့်ပုံပင်။

သူကဘေးပတ်ပတ်လည်ကို လိုက်ကြည့်နေကြောင်းမြင်လိုက်ရသဖြင့် ရွှီထန်းချန်က ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးများ၏ သက်ဆိုင်ရာသမိုင်းကြောင်း အချို့ကို ရှင်းပြလာခဲ့၏။သို့သော် တက္ကသိုလ်နှင့်ပတ်သက်သော ရွှီထန်းချန်၏အသိပညာသည် အလွန်နက်နဲခြင်းမရှိကြောင်း ရိကျယ်ကလျင်မြန်စွာသဘောပေါက်သွားခဲ့ရလေသည်သူက စကားပြောမီ အမြဲတမ်းအသက်ပြင်းပြင်းရှူကာ စေ့စပ်ချင့်ချိန်ပြီးမှ ပြောတတ်လေသည်။

"အားယား ငါမမှတ်မိတော့ဘူး ဒါက ဘယ်နှစ်ခုနှစ်ကဟာလဲ?"

ရှုပ်ယှက်ခတ်နေသော မှတ်ချက်များကြားမှ ရိကျယ်သည် မေးခွန်းမမေးဘဲငြိမ်ငြိမ်လေး နားထောင်ပေးခဲ့၏။ရွှီထန်းချန်ရယ်ချိန်မှသာ လိုက်ရယ်ပြီး တုံ့ပြန်ရန်လိုအပ်ချိန်မှသာ တုံပြန့်ပေးခဲ့လေသည်။

ထိုလမ်းအတိုင်းဆက်သွားနေခဲ့ပြီး အတန်းများရှိသည့် အဆောက်အဦးကိုဖြတ်သွားချိန်မှသာ သူက ရုတ်တရက်ရပ်တန့်သွားခဲ့၏။

"ဒါက အစ်ကိုအတန်းတွေတက်ခဲ့တဲ့နေရာလား?"

"ဒီအဆောက်အဦးက ငါတို့ဌာနအတွက်ပဲ"

ရွှီထန်းချန်က သူ့စကားကိုပြန်လည်ပြင်ဆင်ပြီးနောက် ဆက်ပြောလာ၏။

"ဒါပေမယ့် ဘွဲ့ကြိုသင်ကြားမှု အများစုကတော့ ဒီမှာတင်ပြီးမှာမဟုတ်ဘူး ငါတို့ဆရာတချို့ကဒီမှာအလုပ်လုပ်ကြပြီး တချို့ဓာတ်ခွဲခန်းတွေလည်း ဒီအဆောက်အဦးမှာရှိနေတယ်"

ရိကျယ်က ခေါင်းညိတ်ပြပြီးနောက် ထိုနေရာတွင် ရပ်ကာ ငြိမ်သက်စွာကြည့်နေခဲ့၏။

လွန်ခဲ့သော တစ်နှစ်ခွဲထိုဆောင်းရာသီ၏ နေ့တစ်နေ့အတိုင်းပင်။

သူတို့နှစ်ယောက် ကော်ဖီဆိုင်တွင်စားသောက်ကြပြီး ရွှီထန်းချန်၏အစားအသောက်ကတ်ကိုအသုံးပြုကာ ပိုက်ဆံပေးခဲ့ကြလေသည်။ထမင်းစားပြီးနောက် ရွှီထန်းချန်သည် ရိကျယ်ကို ကျောင်းအနီးရှိ ပိုကြီးသောစူပါမားကတ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့လေသည်။ရိကျယ်သည် ဝတ်စုံနှစ်စုံမှလွဲ၍ အခြားမည်သည့်အရာမှ ယူဆောင်လာခြင်းမရှိသောကြောင့် သူ့တွင်ဝယ်စရာပစ္စည်းအများအပြားရှိနေခဲ့၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now