Chapter 62

1.1K 191 7
                                    

ပေကျင်းသို့ပြန်ရောက်ချိန်၌ ညမှောင်နေခဲ့လေပြီ။ရွှီထန်းချန်သည် ရိကျယ်နောက်မှတစ်ဆင့်ဘူတာရုံမှထွက်လာပြီး စကားတစ်ခွန်းမှမပြောဘဲတစ်ချိန်လုံး ခေါင်းငုံ့နေခဲ့လေသည်။ရိကျယ်သည်သူ့အား အကြိမ်အနည်းငယ်လှည့်ကြည့်လာသော်လည်း မျက်လုံးချင်းဆုံရန်ပင် အခွင့်အရေးမရခဲ့ပေ။  အဆုံးတွင်သူသည်ခြေတစ်လှမ်းမျှရပ်ကာ သူ့ဘေးသို့ ရောက်လာအောင်စောင့်လိုက်၏။လမ်းမပေါ်၌ လက်ကိုဆုပ်ကိုင်ထားခြင်းသည့် အကြည့်များကိုဆွဲဆောင်နိုင်စေသောကြောင့် ရိကျယ်ကလက်ဆန့်ကာ ရွှီထန်းချန်၏လက်ကောက်ဝတ်ကို ဆွဲလိုက်၏။

အစက မြေအောက်ရထားစီးချင်သော်လည်း ဘူတာအပြင်ဘက်၌များပြားလှသောလူတန်းကြီးကို မြင်သည့်အခါ ရွှီထန်းချန်ကခေါင်းခါလိုက်၏။

"လူအရမ်းများနေတယ် တက္ကစီစီးရအောင်"

သူတို့ကြုံရသည့် တက္ကစီယာဉ်မောင်းကရောက်တတ်ရာရာပြောတတ်သူပင်။တက္ကစီပေါ်ရောက်ကတည်းကယာဉ်မောင်းက သူတို့နှင့်စကားစမြည်ပြောဆိုနေတော့သည်။သိပ်မကြာခင်မှာပင် သူတို့၏မွေးရပ်မြေက ဘယ်နေရာ၊ပေကျင်းနှင့်ဘယ်လောက်ဝေးကြောင်း၊သူတို့ပညာသင်ကြားနေသည့်နေရာ အစရှိသည့်မေးခွန်းများ မေးလာ၏။

ဤသည်မှာရွှီထန်းချန်ကိုင်တွယ်မည့်အရာဖြစ်သင့်သော်လည်း ယနေ့တွင်တော့၎င်းတို့၏အခန်းကဏ္ဍများက ပြောင်းလဲသွားခဲ့လေသည်။ရွှီထန်းချန်သည်ရိကျယ်၏ပုခုံးကိုမှီရင်းငြိမ်နေကာ သူ့လက်မောင်းများကိုဖက်ထားရင်း ရိကျယ်နှင့်ကားမောင်းသူပြောသံကိုနားထောင်ကာ မျက်လုံးများမှိတ်ထားခဲ့လေသည်။

သီတင်းပတ်ကုန်လွန်သွားသော်လည်း ရွှီထန်းချန်သည် ခွဲခွါရတော့မည်ဟူသည့်အတွေးကိုနားမလည်နိုင်သေး။၎င်းကိုလက်ခံနိုင်မှုမရှိခြင်း၏ အထင်ရှားဆုံးလက္ခဏာမှာ သူဘာကိုမှစိတ်ဝင်စားနိုင်မှု မရှိခြင်းသာ။စကားလည်းမပြောချင်သလို လှုပ်လည်းမလှုပ်ချင်ခဲ့။

သူကအိမ်မှာရှိနေပြီး မိသားစုနှင့်မျက်နှာချင်းဆိုင်နေရခြင်းကြောင့်သာ မဟုတ်လျှင် သူလုပ်မည့်အရာမှာ ရိကျယ်နှင့်အတူတိတ်တဆိတ်နေပြီး တခြားလူများကို လျစ်လျူရှုလိုက်မည်သာ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now