Chapter 31

1K 195 15
                                    

နှစ်စက္ကန့်အကြာတွင် ရိကျယ်က ခေါင်းကို အမြန်ငုံ့လိုက်၏။

ရွှီထန်းချန်က တစ်ခုခုပြောချင်သဖြင့်
ပါးစပ်ကိုဖွင့်လိုက်သော်လည်း ရိကျယ်ကလက်ကိုမြှောက်ကာ ဘီယာတစ်ခွက်လုံးကို မော့ချလိုက်သည်အား သူမြင်လိုက်ရတော့သည်။

ဟိုးယခင် ရိကျယ်၏မျက်ဝန်းများထဲရှိ
အကြည့်ကြောင့် သူ့နှလုံးသား နာကျင်ခဲ့ဖူးသည့်အချိန်အား ရုတ်တရက် သတိရမိသွားခဲ့လေသည်။၎င်းကလည်း ဆောင်းရာသီ၏နေ့တစ်နေ့ပင်။ကွာခြားချက်မှာ ထိုညနေခင်း ဤမျက်ဝန်းများအတွင်းရှိအကြည့်က ရိကျယ်ကိုအဖော်ပြုပေးချင်စိတ်ဖြစ်လာအောင် ပြုလုပ်နေခဲ့ပြီး ၎င်းကပင် ထိုကောင်လေးအားညစာကျွေးချင်သည်ဟု ပြောခဲ့မိခြင်းပင်။

စက်ဘီး၏ ဘားတန်းပေါ်၌ ထိုင်စီးရခြင်းသည် မည်မျှအဆင်မပြေဖြစ်ကြောင်း၊ လမ်းများပေါ်တွင် အရိပ်ထင်နေသော ထိုည၏လရောင်မှာ အတော်လေးကိုလှပကြောင်း —သူထင်ထင်ရှားရှားကိုမှတ်မိနေဆဲ။

"စီနီယာ ဘာတွေတွေးနေတာလဲ? အစ်ကိုအိမ်ပြန်မှာမလား? သောက်ဦးမှာလား?"

"ဟမ်?"

ရွှီထန်းချန်၏အာရုံများက အလျင်အမြန်ပြန်ရောက်လာခဲ့တော့သည်။

"မသောက်တော့ဘူး ငါအိမ်ပြန်မလို့"

"ဒါဆို မင်းမြန်မြန်စားသင့်တယ်"

ယွီအန်းက ဘေးမှ လေးလေးနက်နက်
ပြောလာ၏။

"ဒီညရာသီဥတု မကောင်းဘူး နှင်းတွေကျနိုင်တယ်လို့ ခန့်မှန်းထားကြတာ အိမ်ပြန်မယ်ဆိုရင်စောစော ထွက်သင့်တယ်"

"ဟုတ်တယ် ဟုတ်တယ်"

လုမင်ကထောက်ခံလာ၏။

"စီနီယာ မြန်မြန်စားသင့်တယ်"

သို့သော် ရွှီထန်းချန်မှာ လုံးဝစိတ်အခြေအနေကောင်းမနေတော့။ရိကျယ်က ခေါင်းငုံလိုက်ပြီးနောက် ထပ်၍မော့မလာတော့ပေ။တစ်ယောက်ယောက်က သူ့အားစကားပြောလာသည့်အချိန်တွင်လည်း ခေါင်းကိုလှည့်၍သာ ပြန်ဖြေခဲ့လေသည်။သူက ရွှီထန်းချန်ရှိရာဘက်သို့
ကြည့်ရန် လုံးဝကိုရှောင်ဖယ်နေခဲ့ခြင်း။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now