Chapter 9

1.6K 233 2
                                    

ရွှီထန်းချန်သည် မြို့ငယ်လေး၌ ဆယ်ကျော်သက်တစ်ယောက် ဖြတ်သန်းနေခဲ့ရသော စိတ်ခံစားချက်များကို လုံးဝသတိမပြုမိခဲ့ပေ။သူ၏နေ့ရက်များကို ပုံမှန်အတိုင်းပင် ကျောင်း၌ယောင်ယက်ခက်၊ငြီးငွေ့ဖွယ်ကောင်းစွာဖြင့် ဖြတ်သန်းနေခဲ့၏။သူတွေ့ကြုံခဲ့ရသော အကြီးမားဆုံးလှုံဆော်မှုသည် နှစ်သစ်ကူးမတိုင်မီ[1]ချန်းရွှီကိုအိမ်ပြန်ပို့ရန် ရထားဘူတာသို့ပြေးကာ လက်မှတ်များလုရခြင်းပင်။

ညဘက် သူရေသောက်ပြီးပြန်လာချိန်တွင် ချန်းရွှီကို သူ၏စားပွဲတွင်ထိုင်နေသည်ကို တွေ့လိုက်ရ၏။စားပွဲတင်မီးအိမ်သည် လက်မှတ်များကိုဖောက်ထွင်း မြင်ရလုနီးပါးဖြစ်အောင် ပေါ့ပါးစွာပင်တောက်ပနေခဲ့သည်။ရွှီထန်းချန်သည် ချန်းရွှီအတွက်ရေတစ်ခွက်ထည့်ပေးလိုက်ပြီးနောက် ဆေးသေတ္တာဆီသို့သွားကာ အအေးမိပျောက်ဆေးနှစ်မျိုးကိုရှာနေခဲ့၏။ အသုံးပြုပုံအညွှန်းကို ဂရုတစိုက်ဖတ်ပြီးနောက် ချန်းရွှီအတွက်ပြင်ဆင်ပေးလိုက်လေသည်။

"ရေနည်းနည်း အေးသွားအောင်အရင်စောင့်လိုက်အုန်း ပြီးရင်ဆေးသောက်လိုက်"

ရွှီထန်းချန်၏အသံကိုကြားလိုက်ရချိန်တွင် ချန်းရွှီကသတိပြန်ဝင်လာခဲ့သည်။သူကလှည့်ကြည့်ကာ သဘောတူကြောင်းပြောလိုက်၏။ရွှီထန်းချန်က သူ့ကိုမော့ကြည့်ရင်း ဆေးသောက်ရန်စောင့်နေပြီးနောက်မေးလိုက်လေသည်။

"မင်း ဘာလို့ တစ်ညလုံးအပြင်ထွက်နေတာလဲ?"

"ငါ....မဟုတ်ဘူး ငါကဒီတိုင်း....."

ချန်းရွှီကိုကြည့်ရသည်မှာ အတော်ပင်စိတ်ဆင်းရဲနေသလိုပင်။သူ့စကားများက မသဲမကွဲနှင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေလေသည်။အချိန်အတော်ကြာသည့်တိုင်အောင် သူကအကြောင်းပြချက်ကိုမပေးသေးသောကြောင့် ရွှီထန်းချန်က သူ့ကိုနောက်တစ်ကြိမ်ထပ်မေးရပြန်၏။

"ငါ့ဇာတိမြို့က ငါသိတဲ့တစ်ယောက်ရှိတယ် သူကနှစ်သစ်ကူးအတွက် ကားမောင်းပြန်လာမယ်တဲ့ ပြီးတော့ ငါ့ကိုသူနဲ့အတူ သွားချင်လားလို့ မေးလာတယ်.......ငါပါလိုက်မယ်ဆိုရင် ပြန်နေတဲ့တစ်လျှောက်လုံး သူနဲ့စကားပြောဖို့အဖော်တစ်ယောက်ရှိနေလိမ့်မယ်လို့ သူကပြောတယ်"

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now