Chapter 11

1.6K 252 5
                                    

ကျိုးဟူသည် တံခါးအပြင်ဘက်တွင်ရှိနေသောသူကိုမြင်လိုက်ရချိန်တွင် အနည်းငယ်မျှအံ့ဩသင့်သွားခဲ့လေသည်။ထို့နောက်တွင်တော့ သူတို့အတွက်လမ်းဖွင့်ပေးလိုက်၏။

"အာ ဘာလို့ဒီလောက်တောင်သောက်လာရတာလဲ? မြန်မြန်အထဲကိုဝင်"

ရိကျယ်က သူမကို "အန်တီ"ဟုနှုတ်ဆက်လိုက်ပြီးနောက် ရွှီထန်းချန်ကို သူ့အခန်းထဲသို့တိုက်ရိုက်ပင် ဆွဲခေါ်သွားလိုက်၏။ကျိုးဟူသည် ရွှီထန်းချန်အပေါ်တွင် ခြုံထားသောဂျာကင်ကို ဆွဲဖယ်ပေးလိုက်ပြီး ရွှီထန်းချန်ကို ကုတင်ပေါ်သို့တင်ခိုင်းလိုက်လေသည်။

"သူကဘယ်လောက်ပဲ ပိန်ပိန်လေးဖြစ်နေပါစေအုန်း လျော့သောက်သင့်တာပေါ့ နည်းနည်းလောက်ပဲသောက်ရင် ရပြီကို ပိုသောက်ဖို့သူ့ကိုယ်သူ ဘာလို့တွန်းအားပေးနေမှန်းကို မသိဘူး"

သူမသည် ပါးစပ်မှမရပ်မနားငြီးတွားကာပြောနေသော်လည်း ရွှီထန်းချန်၏အပြင်ဘက်အဝတ်များကိုဂရုတစိုက်ဖယ်ရှားပေးပြီး သူ့ကိုခြုံပေးရန်အတွက် ပိုမိုပါးလွှာသောစောင်ကို ယူရန်အခြားအခန်းသို့သွားနေဆဲသာ။

စောင်၏အစွန်းနားက ရွှီထန်းချန်၏နှာခေါင်းနားသို့ပင်ရောက်ရှိသွားလေသည်။ကျိုးဟူသည် ၎င်းကိုအနည်းငယ်မျှဆွဲချလိုက်ပြီး ရွှီထန်းချန်၏မေးစေ့အောက်သို့ရောက်အောင် ဂရုတစိုက်ပြုလုပ်ပေးနေကြောင်း ရိကျယ်မြင်လိုက်ရ၏။

"ဘာလို့ သားအင်္ကျီသူ့ကိုပေးလိုက်ရတာလဲ?"

အိပ်ပျော်နေသောသူကို ဂရုစိုက်ပြီးနောက် ကျိုးဟူလှည့်ကြည့်လိုက်ချိန်တွင် ရိကျယ်မှာ ကျောင်းဝတ်စုံမှလွဲ၍ ဘာမှမဝတ်ထားသည့်အပြင် မျက်နှာတစ်ခုလုံး အေးစက်ကာနီရဲနေကြောင်း သတိထားမိသွားလေသည်။သူမက မျက်မှောင်ကြုတ်ကာ အံ့ဩသင့်စွာပြောလာ၏။

"အာ မင်းအအေးမိသွားရင်ဘယ်လိုလုပ်မလဲ?"

"အဆင်ပြေပါတယ် ကျွန်တော်မအေးပါဘူး"

ကျိုးဟူက ရိကျယ်၏ဂျာကင်ကိုထိုင်ခုံပေါ်တွင်တင်ထားခြင်းပင်။ခြေလှမ်းနှစ်လှမ်းလောက် လှမ်းလိုက်ပြီး လက်မောင်းပေါ်သို့ပြန်တင်ထားလိုက်လေသည်။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now