Chapter 17

1.1K 203 1
                                    

ကျောင်းပြန်ဖွင့်ချိန်၌ စာသင်ခန်းနောက်ဘက်ရှိ ကျောက်သင်ပုန်းတွင် ထောင့်တစ်ထောင့်ရှိလာတော့သည်။အချိန်သည် ရှေ့သို့ချီတက်၍သာလာခဲ့ပြီး အမြဲလျော့ကျသွားကာ တိုးလာခြင်းတော့မရှိခဲ့။နောက်ဆုံးအတန်းတွင်ထိုင်နေရာမှ ရိကျယ်သည် ကိုယ်ပိုင်စာကျက်ချိန်နားချိန်အတွင်း ကျောက်ဝေ့ဖန်သည် ကျောက်သင်ပုန်းပေါ်ရှိနံပါတ်များကို နေ့တိုင်းပြောင်းလဲနေသည်ကို တွေ့ခဲ့ရလေသည်။

ဖျက်လိုက်သောမြေဖြူမှုန့်များသည် နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့လျက်။ကြမ်းပြင်ပေါ်သို့ ဆင်းသက်ကာ ပြတင်းပေါက်ဘောင်များအထိ။အချိန်ကလည်း တိတ်တဆိတ်ပင် ရှေ့သို့ခြေတစ်လှမ်းတိုးလာခဲ့၏။

ယခုနွေရာသီတွင် အတန်းထဲရှိခံစားချက်များက ပိုပို၍ တင်းကျပ်လာပုံပေါ်လေသည်။ရိကျယ် စာသင်ခန်းထဲသို့ဝင်သွားချိန်တိုင်း ကြီးမားလှသောအမဲရောင်တိမ်တိုက်ကြီးက ဖိနှိပ်ထားသည်ကို အမြဲတွေ့နေခဲ့ရ၏။

လူတိုင်းက အဆုံးမရှိသည့်ပြန်လည်ပြင်ဆင်ရေး မေးခွန်းပင်လယ်ထဲ၌ ခေါင်းမြုပ်ထားကြလေသည်။ယခုအချိန်၌သာ နောက်ထပ်မေးခွန်းတစ်ခုထပ်လုပ်လိုက်မည်ဆိုပါက အနာဂတ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစာရွက်များထဲ၌ အမှတ်တစ်ခု ထပ်တိုးသွားတော့မလို။

လျှပ်စစ်ပန်ကာက တဝီဝီလည်နေခဲ့လျက်။ နွေးထွေးစိုစွတ်သေ လေသည် ပြတင်းပေါက်မှ ဝင်လာခဲ့လေသည်။ရိကျယ်သည် ကြမ်းပြင်၏နေရာတိုင်းရှိ စာအုပ်ပုံများကို ကျော်တက်ကာ မှုန်မှိုင်းသောလေကိုဖြတ်၍ သူ့ထိုင်ခုံဆီသို့ တစ်လှမ်းချင်းပြန်လျှောက်လာခဲ့တော့သည်။

သို့သော်လည်း ဤကဲ့သို့ပတ်ဝန်းကျင်မျိုးက ရိကျယ်ကို စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားရအောင် ဘယ်တုန်းကမှမလုပ်နိုင်ခဲ့။သူသည် လေ့ကျင့်မှုစာရွက်တိုင်း*ကို အလေးအနက်ထားပြီး ဆရာများ၏သတိပေးချက်တိုင်းကို နားထောင်ခဲ့လေသည်။

(T/N-ကျောင်းမှာ စာမေးပွဲမဖြေခင်ဖြေရတဲ့ အစမ်းစာမေးပွဲလိုမျိုးပါ သူကနောက်ဆုံးထွက်ထားတဲ့ မေးခွန်းပုံစံနဲ့ သင်ရိုးညွှန်းတမ်းကိုအခြေခံပြီး ပြင်ဆင်ပေးထားတဲ့ လေ့ကျင့်ရေးစာရွက်လိုပါ)

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now