Chapter 43

1.1K 177 5
                                    

ရိကျယ်၏ရုတ်တရက်ပြန်လာမှုကြောင့် ရွှီထန်းချန်သည်မက်ဆေ့ချ်အကြောင်းကို လုံးဝမေ့သွားခဲ့လေသည်။ယွီအန်းအားပြန်ဖြေရန် လိုအပ်ကြောင်း သတိရလာသောအခါတွင် သူအိပ်ငိုက်နေပြီဖြစ်လေသည်။သူသည်ကုတင်ပေါ်တွင် ခဏမျှလှဲလျောင်းကာ တွေးတောရင်း တစ်ကိုယ်ကောင်းဆန်ရန်သာဆုံးဖြတ်လိုက်ပြီး ရိုင်းပျစွာပင်ယွီအန်းအားထိုအတိုင်းသာ ထားခဲ့လိုက်၏။

ထို့နောက်နောက်တစ်နေ့တွင် ယွီအန်းသည်ရွှီထန်းချန်ကို ရှာဖွေရန်ရောက်ရှိလာတော့သည်။သူဘာမှ တိတိကျကျမပြောဘဲ မနေ့ညကအရက်အလွန်အကျွံသောက်မိကြောင်းသာ ယောင်ဝါးဝါးရှင်းပြလာခဲ့၏။

"ငါမင်းကိုနည်းနည်း စိတ်ပူတယ်..."

ယွီအန်းကမတတ်သာ၍လက်ခံလိုက်ရသလို သက်ပြင်းချလာခဲ့လေသည်။

"ထားလိုက်ပါတော့ မင်းဘာလုပ်​​နေတယ်​ဆိုတာ မင်းသိနေသ​ရွေ့အဆင်ပြေပါတယ်လေ"

ထိုစကားကိုကြားသောအခါ ရွှီထန်းချန်ကခေါင်းမော့ကာ ပြုံးပြလိုက်၏၊

ကံကြမ္မာက သူတို့ဘက်၌ရှိနေလေသည်။ယခုနှစ် ရိကျယ်၏မွေးနေ့သည် အချိန်သင့်အခါသင့်ကျရောက်ခဲ့လေသည်။ယခင်ကဆောင်းရာသီအားလပ်ရက်ဟာတဖြေးဖြေးကုန်ဆုံးသွားခဲ့ပြီး သူ့မွေးနေ့မတိုင်ခင်၌ ကျောင်းပြန်ဖွင့်ခဲ့သော်လည်း ဒီနှစ်မှာတော့ ရိုးရာပြက္ခဒိန်အရ Lunar နှစ်သစ်သည်နောက်ကျခဲ့ပြီး ရွှီထန်းချန်၏ဆောင်းရာသီအားလပ်ရက်ကုန်ဆုံးချိန်၌ သူ၏မွေးနေ့ကကျရောက်ခဲ့လေ၏။

ယနေ့အိပ်ယာထပြီးနောက် ပထမဆုံးအဖြစ် ရွှီထန်းချန်သည် ကျိုးဟူနှင့်စူပါမားကတ်ကိုလိုက်သွားခဲ့လေသည်။ပြန်လာချိန်၌ အိမ်ရှေ့တံခါးတွင်ရိကျယ်နှင့် တွေ့လိုက်ရလေသည်။ကျိုးဟူက ရှေ့မှလျှောက်လာရင်း ရိကျယ်ကိုတွေ့သွားကာ ချက်ချင်းပြုံးရင်းမေးလိုက်၏။

"မင်း စျေးဝယ်ထွက်လာတာလား?"

ရွှီထန်းချန်သည်ခေါင်းကိုလှည့်ကာ ကျိုးဟူ၏ဘက်ခြမ်းကိုကြည့်လိုက်ရာ ရိကျယ်သည် စူပါမားကတ်အိတ်တစ်လုံးကို လက်ထဲတွင်ကိုင်ထားသည်ကိုတွေ့လိုက်ရသော်လည်း သူတို့သွားသည့်စူပါမားကတ်နှင့်တော့ မတူပေ။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now