Chapter 28

1.1K 187 7
                                    

ဆရာဝန်က အကြောဆေးကိုသုံးရက်သွင်းရန် ညွှန်ကြားထားသော်လည်း ဒုတိယနေ့၌ပင်
ရွှီထန်းချန်မှာ အားနည်းကာ မစားနိုင်သည်မှလွဲ၍ အခြားရောဂါလက္ခဏာများ မတွေ့ရတော့ပေ။အရေးပေါ်ဌာနတွင် ယာယီကုတင်ကို နေရာယူထားနိုင်ခြင်းမရှိပေ။

ရိကျယ်က ရွှီထန်းချန်ကို ဆေးရုံဆက်တက်စေချင်သော်လည်း ရွှီထန်းချန်ကသူ့ကိုတားလိုက်ကာ ဆရာဝန်အား ကျောင်းသို့ပြန်ကာထိုနေရာ၌ပင် အကြောဆေးသွင်း၍ရနိုင်မလားဟုမေးနိုင်ကြောင်း ပြောလာခဲ့၏။

ဆရာဝန်ကိုမေးမြန်းပြီးနောက် ဆရာဝန်ကဆေးရုံလွှဲပြောင်းစာတစ်စောင်ကို ရေးပေးလာခဲ့ပြီး နှစ်ရက်စာ ဆေးပေးလာခဲ့တော့။ဤနှစ်ရက်လုံးလုံး ရွှီထန်းချန်မှာ ဆန်ပြုတ်ကိုသာစားနိုင်ခဲ့ပြီး အစပိုင်းတွင် သူသည် ထမင်းရည်သာသောက်နိုင်ခဲ့၏။ကျောင်းဝင်းအတွင်းရှိ ကန်တင်းများတွင် ရောင်းချသောဆန်ပြုတ်များသည် ရေများလွန်း သို့မဟုတ် လေးလွန်းလှပေသည်။

ရိကျယ်က ကန်တင်းကို လှည့်ပတ်ကြည့်လိုက်သော်လည်း ကြည့်ကောင်းသည့်အရာ ဘာတစ်ခုမှရှိမနေသောကြောင့် တက္ကသိုလ်နားမှ ဆန်ပြုတ်ဆိုင်သို့သွားပြီး ဆန်ပြုတ်နှစ်ပွဲဝယ်လိုက်၏။

ဆောင်းရာသီ၏နေ့ရက်တွင် ၎င်းတို့က
ဂျာကင်င်္အကျီတစ်ထည်နှင့်ပတ်ထားခြင်း ခံခဲ့ရသဖြင့် ရွှီထန်းချန်၏အဆောင်သို့ ပို့ဆောင်သည့်အခါ ပူနေဆဲပင်။

"ဒါက ပြောင်းဆန်နဲ့ရွှေဖရုံသီးဆန်ပြုတ် ဒါက အသီးအရွက်ဆန်ပြုတ်" 

ရိကျယ်သည် ခွက်နှစ်ခုလုံးရှိ အဖုံးများကိုဖယ်လိုက်၏။

"တစ်ခုကချိုတယ် တစ်ခုကငန်တယ် ဘယ်ဟာလိုချင်လဲ?"

ရွှီထန်းချန်က ဇွန်းကိုကိုင်လိုက်၏။သူ့လက်တွင် ဆေးတိပ်မှ အဖြူရောင်အမှတ်အသားတစ်ခုကရှိနေဆဲ။သူမော့ကြည့်လိုက်ချိန်တွင် ရိကျယ်၏မျက်နှာသည် လေတိုက်ခတ်ခြင်းခံထားရသောကြောင့် နီမြန်းနေသည်ကိုတွေ့လိုက်ရ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now