Chapter 33

1.1K 196 5
                                    

မြို့တော်Cဟာထိုမျှလောက်သာ ကြီးလေသည်။ ၎င်းသည် သာမန်မြောက်ပိုင်းမြို့ငယ်လေးတစ်မြို့ဖြစ်ပြီး ထူးထူးခြားခြားချစ်စရာကောင်းသည့် ရှုခင်းများလည်း မရှိပေ။ပျော်စရာကောင်းအောင် လည်ပတ်စရာနေရာလည်းသိပ်တော့ရှိမနေခဲ့။အပြင်၌နှစ်ရက်လောက်နေပြီးနောက် ရိရွှမ်ဟာဘာမှလုပ်စရာမရှိတော့ကြောင်း ခံစားလိုက်ရပြီး ရွှီထန်းချန်၏အိမ်တွင်သာ အမြစ်တွယ်နေရန်ဆုံးဖြတ်လိုက်တော့သည်။

နေ့တိုင်း မွန်းတည့်မတိုင်မှီ သို့မဟုတ် မွန်းလွဲပိုင်း၌ ရောက်လာတတ်ပြီး ညနေဘက်တွင်ပြန်သွားတတ်လေသည်။တခါတရံ သူနှင့်ပျော်စရာတစ်ခုခု ယူဆောင်လာကာ တစ်ခါတစ်ရံစားစရာတစ်ခုခု ယူလာပေးတတ်၏။သူစိမ်းတစ်ယောက်လိုမျိုး လုံးဝပြုမူနေခဲ့ခြင်း မရှိပေ။

ရွှီထန်းချန်သည် အားလပ်ရက်နောက်ဆုံးရက်အနည်းငယ်အတွင်း ရိကျယ်ကိုနေ့တိုင်းမြင်တွေ့နေရသည့် ရိရွှမ်သူစိမ်းတစ်ယောက်လို မပြုမူသည်ကိုပင် ကျေးဇူးတင်ရမလို။

သူတို့နှစ်ယောက်ကြား၌ ခံစားချက်များ၊ရှုပ်ထွေးမှုများ အများအပြားရှိနေခဲ့သော်လည်း ရွှီထန်းချန်ကတော့ တစ်နေ့တွင်လက်ရှိအခြေထက်ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်လေသည်။အနည်းဆုံးတော့ ထိုကောင်လေးကိုတစ်နေ့လုံးမတွေ့ရဘဲထိုသူ၏ခံစားချက်ကိုစိတ်ပူပန်ကာ လျှို့ဝှက်မှန်းဆနေရသည့် အရင်ကလိုတော့ဖြစ်မည်မဟုတ်တော့ပေ။

ရိကျယ်၏တိတ်ဆိတ်ခြင်းနှင့်မတူဘဲ ရိရွှမ်သည် အခြားသူများနှင့်ဆက်ဆံရာ၌ အလွန်ကောင်းမွန်လှသည်။သူသည် အရွယ်ရောက်နေဆဲကလေးတစ်ယောက်သာဖြစ်သော်လည်း စကားဝိုင်း၏မည့်သည့်အကြောင်းအရာကိုမဆို ကောက်ယူကာစကားအနည်းငယ် ဝင်ပြောဆိုနိုင်လေသည်။သူက ဘာမှပြောစရာမရှိဘဲ အဆင်မပြေဖြစ်နေသည့်မြင်ကွင်းမျိုးဖြစ်နေအောင် ဘယ်တော့မှမလုပ်တတ်ပေ။

အမျိုးမျိုးသောအကြောင်းတို့ကို မေးမြန်း၍  သူတို့အားလုံးဘာတွေလုပ်နေကြလဲဟု အရေးတယူမေးတတ်ကာ သူပါးစပ်ဖွင့်လိုက်ချိန်တိုင်းနှစ်သက်ဖွယ်ကောင်းသော စကားလုံးများသာထွက်လာတတ်သည်ပင်။ရွှီယွဲ့လျန်နှင့်ကျိုးဟူတို့ကိုပင် လုံးလုံးလျားလျားမျောပါသွားအောင်ဆွဲဆောင်သွားတတ်ကာ မကြာခဏရယ်မောသံများကလွှမ်းခြုံနေတတ်၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now