Chapter 7

1.7K 261 4
                                    

ချန်းရွှီရောက်ရှိလာခြင်းသည် ကျိုးဟူအတွက်တော့သူမ၏အလုပ်များနေမှုအတွက် စစ်မှန်သောဆင်ခြေတစ်ခု ပေးလိုက်နိုင်ပုံပင်။ရွှီထန်းချန်၏မျက်လုံးများထဲတွင်တော့ သူမသည်ဤသုံးရက်အတွင်း ချန်းရွှီအတွက် အကောင်းဆုံးဟင်းလျာများချက်ပေးရန်မှလွဲ၍ ဘာမှမလိုတော့သလိုမျိုး အလုပ်ရှုပ်နေလေ၏။

ထမင်းစားချိန်တွင် ရွှီထန်းချန်သည် မျက်နှာသာမရသောကြောင့် ရွှီထန်းရှီနှင့်အကြည့်ချင်းဖလှယ်ရုံသာတတ်နိုင်ပြီး ကျိုးဟူက အကောင်းဆုံးဟင်းလျာများကို ချန်းရွှီရှေ့တွင်ထားနေသည်ကိုသာ ကြည့်နေရတော့သည်။ရွှီထန်းရှီ၏ကျန်းမာရေးမှာအားနည်းသောကြောင့် သူမသည်လုံးဝလျစ်လျူရှုခံနေရခြင်းတော့မဟုတ်ဘဲ ကျိုးဟူ ၏ "မင်းအကြိုက်ဆုံးဟင်းလျာတွေကိုငါမင်းအတွက်ထည့်ပေးပါရစေ" ဆိုသည့်အပြုအမူကို ဆက်လက်ခံယူနိုင်ဆဲ။ရွှီထန်းချန်သည်မျက်နှာသာမရသောကြောင့် ကျိုးဟူ သူတို့ကိုထည့်ပေးပြီးနောက် ကျန်ရှိသောအစားအစာများကိုသာရွေးနိုင်ခဲ့လေသည်။

အားလပ်ရက်၏နောက်ဆုံးနေ့နံနက်တွင် ချန်းရွှီ သည် သူ၏မျက်နှာကိုဆေးကြောပြီး အိပ်ခန်းထဲတွင်မတ်တပ်ရပ်လျက် ဗိုက်ကိုပွတ်လိုက်ကာရွှီထန်းချန်အားမေးလာခဲ့၏။

"နှစ်ရက်ပဲရှိသေးပေမယ့် ငါ့ကိုယ်အလေးချိန်ကတိုးလာတယ် အဲ့တာပုံမှန်ပဲလား?"

"ပုံမှန်ပါပဲ"

ရွှီထန်းချန်ကခေါင်းညိတ်လိုက်၏။

"မင်း ဝက်နံရိုး ၁၀ခုစားထားတာလေ အလေးချိန်မတက်ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်တော့မလဲ?"

ချန်းရွှီကပြုံးပြီးရှက်ရွံ့စွာဖြင့်ပြောလာ၏။

"အန်တီရဲ့လက်ရာကတကယ်အရသာရှိတယ်"

"ဒါဆိုရင်ခဏခဏလာလည်လေ"

ရွှီထန်းချန်သည် ငွေရေးကြေးရေးသတင်းစာကိုလက်နှင့်ခေါက်လိုက်ပြီးပြုံးလိုက်၏။

"သူကမင်းကိုတော်တော်ချစ်တာဘဲ  ငါ့အဖေလည်းဒီလိုပဲ သူတို့နှစ်ယောက်ကလိမ္မာပြီးနာခံမှုရှိတဲ့မင်းလိုကလေးတွေကိုသဘောကျတယ်"

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now