Chapter 39

1.2K 199 1
                                    

ရွှီထန်းချန်သည် Lay အာလူးကြော်နှစ်ထုပ်ကို စျေးဝယ်လှည်းထဲသို့ ပစ်ထည့်လိုက်၏။ရိကျယ်ပြောသည်ကိုကြားသည်နှင့် သူကခေါင်းကိုလှည့်ကြည့်လိုက်ပြီး လက်ကိုပြန်ရုတ်ရန်ပင်မေ့နေလေ၏။

"သူကျောင်းထွက်သွားပြီလား?" 

သူအံ့အားသင့်သွားပြီးနောက်တွင် ထိုကိစ္စနှင့်ပတ်သက်၍ မမှန်ကန်သည့်အချက်ကို အလွန်လျင်မြန်စွာ သိရှိသွားခဲ့တော့သည်။

"ခဏနေပါဦး သူကချန်းရွှီနဲ့အရမ်းရင်းနှီးတာလား?"

"ကျွန်တော်လည်းမသေချာဘူး"

အခြေခံအားဖြင့် ရိကျယ်သည်ကျန်းရိခွန်းပြောခဲ့သမျှကို တိတိကျကျပြန်ပြောပြခဲ့သော်လည်း "စီနီယာလေး" နှင့် "မင်းရဲ့ချစ်သူ" ဆိုသည့်စကားကိုတော့ ချန်လှပ်ထားရန်ဆုံးဖြတ်ခဲ့လေသည်။ထိုမေးခွန်းနှစ်ခုကိုမေးပြီးနောက် ရွှီထန်းချန်ကမျက်မှောင်ကြုတ်ကာ တိတ်ဆိတ်သွားသည်ကိုမြင်လိုက်ရပြီး ရွှီထန်းချန်၏စီရင်ဆုံးဖြတ်နေမှုကို မထိခိုက်စေရန်အတွက် သူချန်လှပ်ထားခဲ့သောအပိုင်းများကို ဖြည့်စွက်ကာ ပြောလိုက်သင့်သည်လား သူလည်းမသေချာတော့။

"အစ်ကို ဘာတွေတွေးနေတာလဲ?"

စမ်းသပ်သည့်သဘောဖြင့် မေးလိုက်၏။တစ်ချိန်တည်းမှာပင် သူကစင်ပေါ်မှဒိန်ချဉ်နှစ်ဘူးကိုကောက်ကိုင်လိုက်လေသည်။

"ငါတွေးနေတာက.....နောက်ဆုံးတော့ငါ ဒီနာမည်ကြီးကျန်းရိခွန်းနဲ့ တွေ့ရတော့မှာပဲလို့လေ"

ရွှီထန်းချန်ကအနည်းငယ်ငုံ့ရင်း ရိကျယ်စျေးဝယ်ခြင်းထဲထည့်လိုက်သော ဒိန်ချဉ်ကိုယူလိုက်၏။

"မင်းသူ့ကိုပြောဖူးလား?"

သူ့စကားများက အသေးစိတ်ဖြစ်မနေခဲ့။ခဏကြာသည်တိုင် ရိကျယ်ကနားမလည်သဖြင့် သံသယများဖြင့်ချက်ချင်းမေးလိုက်၏။

"သူ့ကိုဘာပြောပြဖူးတာလဲ?"

ဒိန်ချဉ်ကိုကိုင်ထားရင်း ရွှီထန်းချန်ကလက်ညှိုးနဲ့လက်မကိုထုတ်ကာ သူကိုယ်တိုင်နှင့်ရိကျယ်ကိုညွှန်ပြလာ၏။

An Accident in Broad Daylight || ဘာသာပြန်《Completed》Where stories live. Discover now