1

8.2K 444 18
                                    

Seoulမြို့လယ်ကကြီးမားတဲ့တိုက်ကြီးကထည်ထည်ဝါဝါကြီးရှိနေတယ်....ဇိမ်ခံကားများစွာကခြံထဲမှာအများအပြား....နန်းတော်တစ်ခုထက်ပင်ပိုခန်းနားတဲ့အိမ်ကြီးကJeon စံအိမ်ပင်.....

"Yoongiကျောင်းစတက်ရမယ့်နေ့မှာဘာထိုင်လုပ်နေတာလဲကျောင်းသွားတော့လေ"

Jungkookအခန်းရှေ့ဆောင့်ကြောင့်လေးထိုင်နေတဲ့အကောင်ပေါက်အားအိမ်တော်ထိန်းကသတိပေးရှာသည်။Yoongiခေါင်းကုပ်လိုက်ရင်း

"အကိုမနိုးသေးလို့....အကိုကသူကိုစောင့်ဖို့ပြောထားလို့"

"အေးကွာ...ပြောရခက်လိုက်တာJungkookက...."

စိတ်ပျက်စွာသက်ပြင်းချရင်းလှည့်ထွက်သွားတဲ့အိမ်တော်ထိန်းဟူ....

Yoongiအမှန်တော့ဒီနေ့တက္ကသိုလ်စတက်ရမယ့်နေ့ဖြစ်တယ်....ဒါပေမယ့်Jungkookဆီကအမိန့်မရမချင်းကျောင်းမသွားရဲသေး

Jungkookကသူ့ကိုအတော်လွှမ်းမိုးထားသည်။သူဆိုတာJungkookကဒါဆိုဒါပင်...အသက်5နှစ်ထဲကJungkookအမေကသူ့ကိုမိဘမဲ့ကျောင်းကနေမွေးစားခဲ့သည်။သူမိသားစုလေးရတော့မယ်ဆိုပြီးမျှော်လင့်ချက်တွေပြည့်နေခဲ့တာ....ဒါပေမယ့်Jeonစံအိမ်ရောက်တော့သူ့ထက်4နှစ်လောက်ကြီးတဲ့အကိုကအိမ်မှာလူကြီးတွေမရှိချိန်သူ့ကိုအိမ်ပြင်မောင်းထုတ်ခဲ့တယ်

"ထွက်သွား....ငါကJeon အိမ်တော်ရဲ့အရှင်သခင်ပဲ...မင်းလိုစုတ်ချာချာသူတောင်းစားတွေကိုလက်မခံဘူး"

Yoongiမငိုခဲ့ဘူး...အဲ့အချိန်ကလှပတဲ့မျက်လုံးဝိုင်းတွေနဲ့ပဲJungkookကိုမော့ကြည့်နေခဲ့တာ...ပြဲစုတ်နေတဲ့အကျီလေးကလေတိုးသွားတိုင်းအေးစိမ့်နေတယ်....ရှေ့ကအကိုကလည်းအေးတိအေးစက်....မျက်နှာငယ်လေးနဲ့သူဘာလုပ်ရမလဲပဲတွေဝေနေခဲ့တာ...

"ထွက်သွားလို့ပြောနေတာ်နော်..."

Yoongiခေါင်းငုံ့ရင်းခြံပြင်ထွက်သွားခဲ့တယ်....ခြံဝမှာဆောင့်ကြောင့်လေးထိုင်ရင်းပေါ့....သူမျှော်နေခဲ့တာသူ့ကိုမွေးစားခဲ့တဲ့အမေနဲ့အဖေကို.....အိမ်ထဲကိုဝင်ပါလို့ကြိုဆိုမဲ့လက်တစ်စုံကို....မိုးဖွားလေးတွေကျလာတော့မှသူလည်းမျက်ရည်ကျမိတယ်...ငိုနေတဲ့မျက်ရည်စတွေကကလေးတစ်ယောက်ရဲ့နားမလည်တဲ့အသိတရားတစ်ခုနောက်ကပ်ပါသွားတယ်...သူသိခဲ့တာကသူ့ကိုဒီအိမ်ကသူငယ်ချင်းကမောင်းထုတ်တယ်ဆိုတာပဲ...

ငယ်ကျွန် season 2Where stories live. Discover now