29

4.5K 329 18
                                    

Yoongiဆေးရုံအသွားရောအပြန်ရောGun wonကသာဂရုတစိုက်ကူညီပေးတာကြောင့်အခက်အခဲမရှိ သူ့လိုသူငယ်ချင်းမျိုးရတာအတော်ကဲကောင်းတယ်မဟုတ်လား

"Yoongi ရော့"

သူ့အားနို့အေးဘူးပေးတာကြောင့်ဘာလဲဟုအူတူတူကြည့်မိတော့

"မင်းအတွက်လေ ကလေးအားရှိအောင်နို့များများသောက်ပေး"

Yoongiရီမိလိုက်သည်မှာသဘောကျကြောင်းပြနေသလို

"မင်းသာအိမ်ထောင်ပြုရင်မင်းအိမ်ထောင်ဘက်ကကံကောင်းတာပဲ"

Yoongiရယ်ကျဲကျဲအပြောကြောင့်Gun wonကစဥ်းစားနေသလိုဟန်လုပ်ရင်း

"အင်း မင်းရောကံမကောင်းချင်ဘူးလား"

"ဟင့်အင်း အိမ်ထောင်ရေးဆိုတာအချစ်တစ်ခုနဲ့ပဲတည်ဆောက်သင့်တယ် ငါမင်းပေါ်သူငယ်ချင်းထက်မပိုဘူး"

YoongiအပြောကိုGunwonခေါင်းအသာငြိမ့်ကာလက်ခံလိုက်သည်။ဟုတ်ပါတယ်လေ အချစ်မပါပဲအိ​မ်ထောင်ပြုရင်နာကျင်ဖို့ကများလာနိုင်တယ်လေ

"ဒါနဲ့ဘာလေးမွေးချင်လဲ"

Yoongiအတန်ငယ်စဥ်းစားလိုက်သည်။သူလိုချင်တာကဘာလေးရယ်တော့မဟုတ်ပါ ဘာလေးပဲရလာရလာပျော်ရွှင်စွာလက်ခံလိုက်ပါမည်

"မသိသေးဘူးလေ ဘာလေးပဲမွေးမွေးချစ်ရမှာပေါ့"

"Jungkookကောဘာလိုချင်တယ်ပြောလဲ"

Yoongiဟန်ဆောင်ရီလိုက်သည်။သူ့ဆီးကလေးမလိုချင်တဲ့ဟာ သူကဘာလေးမွေးမွေးမသတ်ပစ်ရင်တောင်ကံကောင်း

"သူလိုချင်မှာမဟုတ်ပါဘူး ထားလိုက်ပါပြန်ကြရအောင်"

Yoongi​ပြောရင်းထလိုက်တော့Gunwonလည်းထလိုက်သည်။Yoongiကသူ့အားရီပြရင်း

"ငါပြန်ဦးမယ် ဒီနေ့Jin hyungနဲ့အပြင်သွားစရာရှိလို့"

Gunwonကရီရင်း

"မင်းတို့ကရင်းနှီးတာမြန်သား ဘယ်သွားမှာလဲ"

"ဂိမ်းသွားတော့မလို့ ငါအခုတလောခဏခဏဂိမ်းဆော့ချင်နေလို့"

YoongiအပြောကိုGunwonကပြုံးရင်း

"အာ့ဆိုဗိုက်ထဲကGamerလေးများလားမသိ ယောက်ကျားလေးထင်တယ်"

ငယ်ကျွန် season 2Where stories live. Discover now