35

4.3K 310 12
                                    

Gunwonအိမ်ပေါ်ထပ်ကနေဝရံတဆင့်ကျော်ကာအောက်သို့ခုန်ဆင်းလိုက်သည်။တော်သေးသည်။အောက်မှာသံတွေနဲ့မို့ အသံမထွက်လိုက် အိမ်ရဲ့ဘယ်ဘက်ခြမ်းကပြတင်းပေါက်ကမို့ ခြံဝအားမြင်ရပေမယ့်ထွက်ဖို့ရာမလွယ်သေး ခြံထဲကကျော်ထွက်ဖို့အခြေအနေကြည့်တော့ခြံရှေ့မှာစောင့်နေတဲ့လူနှစ်ယောက်နှင့် အိမ်ပေါ်က​စောင့်ကြည့်နေသူတစ်ယောက်သာသူ့ကိုမြင်နိုင်သည်။

အခုချိန်ဘာလုပ်သင့်လဲတွေဝေမိပေမယ့် ထွက်သွားဖို့အတွက်အကြံကုန်ထုတ်နေရတဲ့သူ့ခေါင်းလဲမီးခိုးတစ်ခုပဲထွက်ဖို့ကျန်သည်။

အကြံတစ်ခုရတာနှင့်မြေကြီးပေါ်မှာကျောက်ခဲဖြစ်ဖြစ်ပစ်လို့ရမယ့်အရာဝတ္ထုတစ်ခုရှာလိုက်သည်။ကျောက်စရစ်အနီလုံးလေးကောက်လိုက်ရင်းအသံကျယ်ကျယ်မြည်မဲ့နေရာဆီရှာလိုက်သည်။အိမ်အနောက်ဘက်က သွပ်ပြားတစ်ချို့ရှိနေတဲ့နေရာကအကောင်းဆုံးဖြစ်နိုင်ပေမည်ယေဒီသွပ်ပြားတွေကလျို့ဝှက်မြေအောက်ခန်းကိုကာထားတဲ့သွပ်ပြားတွေို့ဒီကအသံကြားရင်အဖေတောင်ပြေးကြည့်နိုင်သည်။ဒီနေရာကတကယ်တန်ဖိုးကြီးတွေထားတာမို့ပင်

အနောက်ဘက်သို့အားကုန်လွှဲပစ်လိုက်တော့ကျယ်လောင်တဲ့အသံနဲ့အတူခြံစောင့်နေတဲ့လူတွေရောအပေါ်ကစောင့်ကြည့်နေတဲ့သူရောအနောက်ကိုအတင်းပြေးကြည်နေကြသည်။တဖက်ဖြစ်သည့်အိမ်ညာဘက်ခြမ်းကနေနောက်ဘက်သို့ပြေးသွားသည်။ခြံကမြက်အနည်းငယ်ရှည်တာမို့ခေါင်းထိပ်ဖျားလေးတွေသာမြင်ရတတ်သည်။

Gunwonလုံခြံတာနဲ့ခါးကဒဏ်ရာအားအုပ်ကိုင်ရင်းခြံပေါက်ဝဆီပြေးကာအပေါ်သို့ကုတ်တွယ်တက်လိုက်သည်။တစ်ဖက်ကပြန်လာသည့်အသံကြားတာမို့အမြန်ဆုံးနည်းဖြင့်ရှေ့ဂျွမ်းကျော်ထိုးလိုက်တော့ ဖိနပ်သံကျယ်သွားသည်။ခြေဦးတည့်ရာဆီအားကုန်သုတ်ပြေးတော့သည်။

*ငါမင်းကိုတွေ့မှဖြစ်မယ်အချစ်*

➖➖➖➖➖➖➖➖➖➖➖➖➖➖

Jkခြံထဲမှာလမ်းလျှောက်နေတဲ့Yoongiကိုစိတ်မချစွာအပေါ်ထပ်ကငုံ့ကြည့်နေမိသည်။လိုက်ကာအသာလှစ်ဟရင်းကြည့်တာမို့အောက်ကပေါက်စကသိမှာတော့မဟုတ် ဗိုက်လေးကသုံးလကျော်နေပြီမို့အနည်းငယ်တော့အပြင်သို့ပူထွက်နေပြီ

ငယ်ကျွန် season 2Where stories live. Discover now