8

4.5K 326 52
                                    

Jkခေါ်တဲ့နောက်Yoongiလိုက်လာလိုက်သည်။Jkလက်ထဲဘောလုံးလေးပါတာမို့ဘာလုပ်ချင်လဲနားမလည်

"ငါဒီဘောလုံးပစ်မှာ....မင်းကသွားကောက်"

Yoongiခေါင်းသာငြိမ့်ပြလိုက်သည်။ခေါင်းခါလို့လည်းမရမှမရတာ

"ဟုတ်သခင်"

Jkဘောလုံးအားအဝေးသို့ပစ်လိုက်ရင်းYoongiကိုကြည့်လိုက်သည်။Yoongiလည်းပစ်လိုက်တဲ့နေရာဆီဦးတည်ရင်းအပြေးသွားကောက်လိုက်သည်။ပြန်ကောက်လာရင်းJkကိုပြန်သွားပေးလိုက်သည်။Jkအဝေးကိုထပ်ပစ်လိုက်ရင်းထပ်ကောက်ခိုင်းတော့တစ်ခုခုနားလည်လိုက်သည်။

ခွေးလေးတစ်ကောင်ကိုခိုင်းသလိုနဲ့အတော်တူတယ်....ဘာလို့အဲ့လိုသဘောထားလဲYoongiနားမလည်တော့ဘူး

အချိန်အတော်ကြာဆော့ကစားပြီးနောက်Jkကမမောပေမယ့်ခဏခဏသွားလိုက်ပြန်လိုက်လုပ်နေရတဲ့Yoongiအတော်မောနေပြီ....မလုပ်ချင်ဘူးလို့ပြောလိုက်ချင်ပေမယ့်အပြစ်ပေးခံရမှာအရိုက်နှက်ခံရမှာပိုကြောက်တော့ငြိမ်နေပေးလိုက်သည်။

"ဟေ့ကောင်Jk....ကျောင်းမလာပဲဘာလုပ်နေတာလဲ"

ခြံထဲဝင်လာတဲ့Jinနဲ့Namjoonကြောင့်Jkမျက်ခုံးပင့်ပြရင်း

"ခွေးတစ်ကောင်နဲ့ဆော့နေတာပါ....ဘာကိစ္စလဲ...မင်းတို့ရောကျောင်းမသွားဘူးလား"

Yoongiဘောလုံးကောက်ရင်းပြန်လာတာတွေ့တော့Namjoonကတစ်ရှုးထုတ်ပေးရင်းYoongiဆီကမ်းပေးလိုက်တယ်။Jkလှမ်းကြည့်ရင်း

"မင်းယူရဲရင်ယူလေ"

"ဘယ်လိုဖြစ်နေတာလဲJk....ချွေးသုတ်ဖို့ပေးတာကို"

Jinကကြားကဝင်ပြောရင်းJkအားလှမ်းကန်လိုက်သည်။Yoongiလည်းNamjoonအားမျက်နှာငယ်လေးနှင့်သာငြင်းပယ်လိုက်သည်။

"မင်းငါတို့အတွက်တစ်ဝိုင်းပြင်ပေး...အိမ်တော်ထိန်းကိုအရက်သွားဝယ်ခိုင်းလိုက်"

Yoongiခေါင်းငြိမ့်ရင်းအိမ်ထဲအပြေးလေးဝင်သွားမှJkအောင်နိုင်သူလိုပြုံးရင်း

"တော်တော်လွန်တာပဲ...ငါတို့က မင်္ဂလာဦးညမှချစ်ရင်းအချစ်တွေများပေါက်ဖွားလာမလားဆိုပြီးကျောင်းမသွားပဲသတင်းလာမေးတာ"

ငယ်ကျွန် season 2Where stories live. Discover now