21

4.4K 325 24
                                    

"အား....ကျွတ်ကျွတ်"

Yoongiခေါင်းကိုက်နေတာတာကြောင့်စုပ်သပ်ရင်းနိုးလာသည်။ဧည့်ခန်းထဲကဆိုဖာထက်အိပ်နေတဲ့သူကစောင်ပုံလေးထဲအထုပ်ခံထားရသလို....ရှုပ်ပွနေတဲ့ဆံပင်တွေခါထုတ်ရင်းအရင်ထလိုက်သည်။

"အာ့"

ထလိုက်တာနှင့်အရိုက်ခံလိုက်ရတာကြောင့်လူကမူးဝေသွားသည်။

"မင်းကိုစောင့်နေရတာ....မြန်မြန်မထဘူး...ပြန်ရမှာကို"

Yoongiလည်းခေါင်းသာငြိမ့်ပြရင်း

"အာ...ဆောရီး"

ပြောရင်းဒေါသတကြီးထွက်သွားတဲ့Jkကြောင့်Yoongiအမြန်ပြေးလိုက်သွားသည်။ကားနားရောက်တော့နားမလည်တာတစ်ခုကခေါင်းထဲတန်းဝင်လာသည်။

"ဟို...သခင်...ဟိုအကိုတွေရော"

"အိပ်နေကြတယ်...မင်းညကသောက်လိုက်တယ်ဆို....ငါမင်းကိုသောက်ခိုင်းလို့လား"

"တောင်းပန်ပါတယ်သခင်"

Yoongiထပ်တောင်းန်လိုက်သည်။စိတ်ဆိုးနေတဲ့လူကြောင့်သူနေရခက်တာအမှန်

➖➖➖➖➖➖➖➖➖➖➖➖➖➖

တဖြည်းဖြည်းနဲ့Yoogiစာမေးပွဲသိုပင်နီးကပ်လာပြီ...စာလုပ်ချင်ပေမယ့်Jkဆီကပြဿနာအမျိုးမျိုးကြောင့်မလုပ်အားပြန်

"Jhope...ဒီအပိုဒ်လေးပြန်ရှင်းပြလို့ရမလား"

Yoongiအမေးကြောင့်Jhopeခေါင်းအားပုတ်လိုက်ပြီး

"မင်းကလေ...တကယ်ပဲစာသေချာနားထောင်စမ်းပါ"

Yoongiခေါင်းငြိမ့်ပြရင်းနောက်တစ်ကြိမ်ထပ်နားထောင်နေလိုက်သည်။Jhopeကအစစအရာရာတော်တဲ့သူမို့စာဆိုသူ့ကိုသာအားကိုးမိသည်။

"Yoongiကိုယ့်အချစ်ကိုလက်ခံပါ"

ရုတ်တရက်စာသင်ခန်းရှေ့မှာပန်းစီးကိုင်ရင်းလူတယောက်ကဒူးထောက်လိုက်တာကြောင့်လန့်သွားသည်။ကျောင်းသားအားလုံးသူ့ဆီကြည့်နေကြတာကြောင့်အကြည့်ရှောင်ရင်းအနောက်ပေါက်ကပြေးထွက်လိုက်သည်။

"Yongi Yoongiနေပါဦးကွာ"

"ဖယ်ဗျာ"

Yoongiစိတ်ရှုပ်စွာပြောလိုက်တော့ထိုလူကသူ့လက်ကိုအတင်းကိုင်လာသည်။ဒီလူကြောင့်အရှက်ကွဲပေါင်းလည်းမနည်းတော့ဘူး....လူကြားထဲခဏခဏကိုယ်ထိလက်ရောက်လုပ်တယ်။ဒီလူကလွန်ခဲ့တဲ့နှစ်လကျော်လောက်ကJkနဲ့ရန်ဖြစ်ခဲ့တဲ့သူပင်....သူ့နမည် park Gunwonတဲ့...တကယ့်အရှုပ်ထုတ်

ငယ်ကျွန် season 2Where stories live. Discover now