37

4K 314 22
                                    

Jkအိမ်ပြန်ရောက်တာနှင့်ရင်ဝကိုစောက်ကန်လိုက်သလိုပင် Yoongiအိမ်ကထွက်သွားပြီတဲ့လေ လုပ်ရက်တယ် ပြင်ဆင်ချိန်လေးမပေးတော့ဘူးလားကွာ

"Namjoonမင်းကဘာကိစ္စခွင်ံ့ပြုလိုက်တာလဲ"

Jkဒေါသထွက်နေတာကြောင့်Namjoonကိုရန်စရင်းအော်မိသည်။

"ခွင့်ပြုရမှာပေါ့ သူ့ဆန္ဒလေ မင်းသူရှိတုန်းကကောင်းပေးလို့လား"

Namjoonဆီကဖြေရှင်းချက်ကအပိုအလိုမရှိအကောင်းဆုံးပါပဲ Jinကတော့တိတ်ဆိတ်စွာသူ့ဘာသာအေးဆေးဖြစ်နေသလို

Jkအပြင်ထွက်ရှာဖို့ကားသော့ကိုယူလိုက်တော့Jinကသူ့အားမျက်ခုံးပင့်ကြည့်လာကာ

"သူ့ဘဝကိုလွတ်လပ်ခွင့်ပေးလိုက်တော့ ထပ်မနှောက်ယှက်နဲ့ သူမင်းကိုမလိုအပ်ဘူး မင်းတကယ်နောင်တရရင် သူ့ရှေ့ထပ်မသွားနဲ့ နောက်မို့ဆိုပိုဝေးသွားရလိမ့်မယ်Jk"

Jinစကားကိုသူကောင်းကောင်းနားလည်ပါသည်။Jinကိုအသာလှည့်ကြည့်လိုက်ရင်း

"ငါကိုသူဘယ်မှာရှိလဲပဲပြောပြပေးပါ ငါမသွားဘူး"

Jinကအတန်ကြာစဥ်းစားနေမိသည်။Jkကကတိတည်တတ်တဲ့သူပေမယ့် Yoongiအတွက်နွားသိုးကြိုးပြတ်ဖြစ်နေတော့သူသာလိုက်သွားရင်Yoongiကအဝေးဆုံးကိုထပ်ထွက်ပြေးမှာ

"အင်း ပြောပြမယ် တစ်ခုတော့ရှိတယ် ကတိတော့တည်ပေးပါ ငါပြောတာနားမထောင်ရင်မင်းဆုံးရှုံးရလိမ့်မယ် Yoongiကအခုချိန်မှာအရမ်းခံစားနေရတာ ဘာမဆိုသူရွေးချယ်လိုက်နိုင်တယ် အဲ့တာ​ကြောင့်မင်းလိုက်မသွားသင့်ပြီး ပြီးတော့မင်းသူ့ပေါ်ဆက်ဆံခဲ့ပုံကခွင့်လွှတ်စရာတစ်ခုမှမရှိဘူးJk"

Jkမျက်ရည်အားဖိသုတ်ရင်းခပ်မြန်မြန်ခေါင်းငြိမ့်ပြလိုက်သည်။သူတကယ်အဝေးမှာပဲနေတော့မယ် ဒါပေမယ့်သူရှိနေတဲ့နေရာလေးတော့သိထားချင်တယ်လေ

➖➖➖➖➖➖➖➖➖➖➖➖➖➖

Jkလည်းနှစ်လကျေည်မတွေ့ရဖြစ်နေတာကြောင့်အရက်ပုလင်းအားလည်ပင်းမဆွဲရုံတမည်အချိန်ပြည့်မူးရူးနေသည်။တစ်ယောက်တည်းနေတော့ပိုဆိုးသည်။

ငယ်ကျွန် season 2Where stories live. Discover now