14

4.4K 328 39
                                    

Yoongiနှာခေါင်းဝထဲဆေးနံတွေမွှန်ထူစွာနိုးလာတော့အဖြူရောင်ကုတ်နဲ့လူကသူအားကြည့်ရင်း

"သတိရပြီလား"

ဆရာဝန်အမေးကိုYoongiခေါင်းငြိမ့်ပြလိုက်သည်။သူဆေးခန်းရောက်နေတာချက်ချင်းနားလည်လိုက်တယ်အဖြစ်အပျက်တွေအားလုံးမှတ်မိလိုက်တယ်....ဒါပေမယ့်သတိလစ်ပြီးနောက်ပိုင်းဘာတွေဆက်ဖြစ်ကုန်တာလဲ

"နိုးလာပြီလားYoongiတော်သေးတာပေါ့"

Jhopeရဲ့စိုးရိမ်ပူပန်စွာထွက်လာတဲ့အသံလေးကြောင့်Yoongiလက်ကာပြလိုက်ရင်း

"အာ....သက်သာပါတယ်....ငါကိုမင်းဆေးခန်းပို့တာလား"

Jhopeလည်းသူ့အားသက်ပြင်းချသလိုကြည့်ရင်း

"အေးပေါ့ကွာ....တော်သေးတာပေါ့...မင်းကိုVideoမရိုက်လိုက်နိုင်ပါဘူး"

"မင်းသိသွားတာလား"

"ငါမြင်လိုက်တာJkကားကိုဓာတ်ပုံဝိုင်းရိုက်နေတော့စိတ်ဝင်စားစရာထင်လို့ကြည့်မိတာ"

"အော်...အကိုကအတော်စတာပဲ"

ဒဏ်ရာတွေတောင်မကျက်သေးပဲယောင်နေတဲ့မျက်နှာနုနုကရီကျဲကျဲပြောလာတော့ရင်ထဲဆို့ခနဲ...

"မင်းကလည်းကွာ...ငါ့အိမ်လာနေ...သူမှမင်းကိုမလိုအပ်တာ"

"အကို့ကိုငါလိုအပ်တယ်....ငါသူ့ကိုထင်ထားတာထက်ချစ်မိနေတယ်"

"မင်းနာကျင်တာငြိမ်ခံနေတော့မှာလားကွာရှင်းလိုက်"

"အကိုသဘောတူမှာမဟုတ်ဘူး...လူကုံထံတွေရဲ့နားမလည်တဲ့စီးပွားရေးတွေရှိသေးတယ်လေ"

Yoongiအပြောကိုဆရာဝန်ကရီရင်း

"Jungkookယောက်ကျားထင်တယ်"

"အာ...ဆရာကအကိုနဲ့သိတာလား"

"မသိပဲနေမလား....နမည်ဒီလောက်ကြီးတာကို"

"အာ...ဟုတ်"

Yoongiပြောရင်းကုတင်ပေါ်ကထလိုက်တော့Jhopeမေးဆက်ပြလိုက်သည်။

"ငါအိမ်ပြန်တော့မယ်....ငါပြန်မလာရင်အကိုပိုစိတ်တိုလိုက်မယ်...ငါ့သူ့အမိန့်တွေလွန်ဆန်ထားမိတယ်..."

ငယ်ကျွန် season 2Where stories live. Discover now