24

4.4K 328 11
                                    

Yoongiတံခါးဖွင့်လိုက်တော့Jinနဲ့Namjoon

"Hyungတို့ဘယ်လို"

"Jungkookဖုန်းဆက်ပြောတာ...ငါမင်းအသံကြားလိုက်လို့"

Namjoonပြောရင်းအခန်းထဲဝင်လာတော့Jinပါဝင်လာသည်။

"အကိုကဘာပြောတာလဲ"

Yoongiခေါင်းငုံ့ရင်းစိတ်မကောင်းစွာမေးမိတော့Jinကသက်ပြင်းချရင်း

"သူSunnyကိုလက်ထပ်ခွင့်တောင်းမလို့လှမ်းပြောတာ ငါတိုကYoongiကရောဘယ်လိုလုပ်မလဲမေးတော့ အိမ်ကထွက်သွားပြီတဲ့"

Yoongiဟန်ဆောင်ပြုံးလိုက်ရင်း

"ကျနော်တို့ကွာရှင်းတော့မှာပါ"

Jinကခေါင်းအားလှမ်းပုတ်ပေးလာရင်း

"ဒီလိုလည်းတစ်မျိုးကောင်းပါတယ်Jkဆီမှာနှိပ်စက်မခံရတော့ဘူးပေါ့ မင်းအချစ်တွေရုတ်သိမ်းလိုက်တော့"

Jinအပြောကြောင့်Yoongiရီရုံရီပြလာသည်။Namjoonကအိမ်ထဲတစ်ချက်ဝေ့ကြည့်ရင်း

"မင်းအထီးကျန်နေတယ်မလား ငါတို့အတူသောက်ကြမလား အာ့"

မေးခွန်းမဆုံးခင်ခေါင်းကိုအရိုက်ခံလိုက်ရသည်။Jinလက်ချက်ဆိုတာမလွဲ

"ကိုယ်ဝန်ရှိနေတာကိုအရက်သောက်လို့ရမလား"

Yoongiရီလိုက်မိသည်။JinကNamjoonကိုနိုင်တာကရီစရာတစ်ခုလို ငြိမ်သွားတဲ့Namjoonကသူ့အားမချိပြုံးလေးပြုံးပြနေသေးသည်။

"ငါတို့ဂိမ်းဆော့မလားစကားလည်းပြောရင်းပေါ့ ရုပ်ရှင်လည်းကြည့်မယ်လေ"

Yoongiလက်ခံလိုက်သည်။သူလည်းနာကျင်စရာတွေမေ့ထားချင်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

ဧည့်ခန်းထဲအိပ်ပျော်နေတဲ့သုံးယောက်သားကTVပင်မပိတ်နိုင်ပဲအိပ်ပျော်နေကြသည်။
ညကညဥ့်နက်သွားသည် ဂိမ်းဆော့တာခဏလေးပေမယ့် TVကြည့်တာတော့အတော်ကြာသွားသည်။ဇာတ်လမ်းလည်းကောင်းနေတာမို့အတန်ကြသည်ထိကြည့်မိကြသည်။Jinတို့လည်းYoongiတစ်ယောက်တည်းဖြစ်နေမှာစိုးလို့သူတို့အခန်းမပြန်ပဲYoongiနဲ့အဖော်အိပ်ပေးဖြစ်သည်။

Yoongiအရင်နိုးလာသည်။သူလည်းကိုယ်ဝန်ရှိပြီးနောက်အိပ်ရေးပျက်လာသလို အစားအသောက်လည်းသိပ်မမှန်ချင်

ငယ်ကျွန် season 2Where stories live. Discover now