3

4.8K 382 29
                                    

Jungkookအိပ်ရောက်တည်းကYoongiအားရှာမိသည်....နေ့ခင်းကအိမ်ပြန်သွားတယ်ဆိုတာကြောင့်ပိုဒေါသထွက်သည်။သူ့အမိန့်မပါပဲသူကလုပ်ချင်ရာလုပ်နေတာ

"Min Yoongi"

"အကို....ဘာလို့လဲ"

အခန်းထဲကအိပ်ယာခင်းပါးလေးပေါ်ကမျက်ရည်စတစ်ချို့နဲ့သူ့အားကြည့်ရင်းမေးလာသူ....Jungkookဒေါသနဲ့အတူအကျီကော်လံကဆွဲလိုက်ရင်း

"မင်းကိုငါကျောင်းကပြန်ခိုင်းလို့လား"

Jungkookမေးရင်းYoongiမျက်နှာအားလက်သီးနှင့်ဆွဲထိုးလိုကတာကြောင့်Yoongiငိုမိသည်။

"နာတယ်အကို"

"နာလည်းငြိမ်ခံနေ....မင်းကငါ့စကားကိုအဖက်မလုပ်တာလေ"

Jungkookပြောရင်းYoongiအားထပ်ထိုးလိုက်တာကြောင့်Yoongiငိုရုံကလွဲပြီးမတတ်နိုင်

"မင်းထစမ်း"

Jungkookအပြောကြောင့်Yoongiထလိုက်တော့Jkကသူ့ရင်ဘက်အားကန်ရင်း

"မင်းကဘယ်သူလဲ"

"အကို့ကျွန်ပါ"

"ငါကဘယ်သူလဲ"

"Jeonစံအိမ်ရဲ့သခင်လေးပါ"

"မင်းနားလည်တယ်မလား"

Yoongiခေါင်းငြိမ့်ပြလိုက်သည်။Jkကပါးပြင်အားလွှဲရိုက်လိုက်ရင်း

"မင်းမှာအပြစ်ရှိတယ်....အဲ့တာကြောင့်မင်းဒီနေ့ခြံထဲမှာအိပ်"

➖➖➖➖➖➖➖➖➖➖➖➖➖➖

"သားမြန်မြန်ထ....နေမကောင်းဘူးလား...လာအိမ်ထဲကိုရှေ့နေကြီးရောက်နေတယ်"

ခြံထဲကဒန်းလေးပေါ်မှာအိပ်ပျော်နေတဲ့Yoongiအားဂရုဏာသက်ကာဆွဲခေါ်မိသည်။Yoongiလည်းအူတူတူနှင့်အိမ်တော်ထိန်းအားကြည့်ရင်း

"အကိုအိမ်ထဲဝင်ခိုင်းတာလား"

"ဟုတ်တယ်....ဝင်ခဲ့...ရှေ့နေကမင်းနဲ့စကားပြောချင်လို့တဲ့"

Yoongiအိမ်ပေါက်ဝကအော်သံကြောင့်အိမ်ထဲဝင်လာမိသည်။

ဧည့်ခန်းထဲမှာစောင့်နေတဲ့ရှေ့နေSi WonကJeonမိသားစုအမွေတွေကိုထိန်းသိမ်းပေးထားတဲ့ရှေ့နေတစ်ဦးပင်

ငယ်ကျွန် season 2Where stories live. Discover now