32

4.2K 327 16
                                    

Jkအမြန်ဆုံးနည်းနဲ့ကားမောင်းရင်းအမြန်ထွက်လာလိုက်သည်။Namjoonဖုန်းနှင့်Yoongiကိုလှမ်းခေါ်လိုက်သည်။Namjoonဖုန်းယူလာတယ်ဆိုတာကလည်းဟိုကောင်ကသူ့ဖုန်းကိုblockထားသည်မဟုတ်လား အခုချိန်ကအဆက်အသွယ်ရဖို့ကအရေးကြီးဆုံးမဟုတ်လား

"ကိုင်ပါ ခွေးကောင်ရ ဖုန်းမကိုင်င်မင်းကိုငါဒီညသတ်မိလိုက်မယ် s***"

စိတ်လောနေပါတယ်ဆိုမီးပွိုင့်ကြောင့်ဆဲလိုက်မိသည်။

"Hello Hyungဘာပြောမို့လဲ ဟီး"

တစ်ဖက်ကရယ်မောနေတဲ့အသံကသူ့ကိုစကားပြောတဲ့အသံနဲ့များစွာကွာခြားနေသည်။မင်းလွန်တယ်Yoongi

"မင်းဘယ်မှာလဲ"

Jkသက်ပြင်းချရင်းခပ်တည်တည်မေးလိုက်သည်။တဖက်ကပြန်မဖြေပဲငြိမ်နေပြီးမှ

"ဒါပဲ"

"မင်းချလိုက်ရင်ငါကလေးကိုတာဝန်မယူတော့ဘူး"

Jkဖုန်းမချအောင်အရင်ခြိမ်းခြောက်ပေမယ့်ပြန်ပြောလာတဲ့စကားကြောင့်အတော်ခံစားရသည်။

"ကျေးဇူး တာဝန်မယူပါနဲ့ မလိုအပ်ဘူး"

"မင်းအခုရောက်နေတဲ့နေရာပြော အန္တရာယ်ရှိတယ်"

Jkအမေးကိုတဖက်ကဘာမှပြန်မပြောပဲထပ်ငြိမ်နေပြန်သည်။ငါအရမ်းကိုစိတ်မချဖြစ်နေတာမင်းနားမလည်ဘူးလားကွာ

"အင်း အာ့ဆိုလည်းFuture marketကိုလာခဲ့ Gunwonကသူ့အိမ်အတွက်ဗီရိုဝယ်မလို့ဆိုတာနဲ့ရောက်နေတာ"

"အင်း စောင့်နေ ဘယ်မှမသွားနဲ့နော် ဒီတစ်ကြိမ်ပဲနားထောင်ပေးပါ Gunwonနဲ့ခဏဖြစ်ဖြစ်ဝေးဝေးနေဦး သူလည်းငါမယုံလို့ပါ"

"အာ အင်း ဒါပဲ"

ဝေခွဲမရတဲ့လေသံနဲ့ချသွားတဲ့အသံလေးကြောင့်ပူလောင်ပြီးရင်းပူလောင်မြဲပါပဲ အခုတော့နားလည်လာပြီ အရင်ကကိုယ့်လက်ကိုဆုပ်ကိုင်ရင်းသူ့ဘဝကိုကယ်တင်ဖို့အကူအညီတောင်းခဲ့သူက အခုချိန်မှာမလိုဘူးဆိုတာပဲ​ကြားနေရတယ် စိတ်နာသွားပြီ ငါ့အပြစ်ပါ

➖➖➖➖➖➖➖➖➖➖➖➖➖➖

"မိန်းကလေးကိုကြည့်ရတာရုန်းကန်ခဲ့ပုံပဲ ဒါပေမယ့်ဓားနဲ့ခုတ်တဲ့လူကဘယ်သန်ဖြစ်မယ်ထင်တယ်ကျွမ်းကျင်တာလဲတွေ့ရတယ် ခုတ်ခံရတာသွေးကြောတွေကိုပြက်ပြက်သားသားခုတ်လိုက်တာ"

ငယ်ကျွန် season 2Where stories live. Discover now