10

4.3K 331 42
                                    

Jungkookနဲ့Sunnyလည်းညနေစောင်းနေဝင်ချိန်လောက်Clubကိုဦးတည်လာလိုက်သည်။
ပုံမှန်ဆိုClubသိပ်မတက်ဖြစ်ကြပေမယ့်ဒီနေ့သွားချင်နေတာကြောင့်သွားဖြစ်ကြတာဖြစ်သည်။Yoongiကတော့အိမ်အလုပ်လုပ်ရင်းကျန်ခဲ့သည်။

"Jin...ဘယ်မှာလဲ"

Jk ချိန်းတဲ့သူတွေမရောက်သေးတော့ဖုန်းဆက်ရင်းမေးလိုက်သည်။Clubထဲဝေ့ဝိုက်ကြည့်တော့လူအများအပြားကဝိုင်းတိုင်းမှာမူးနေကြသည်။ဒီထဲမှာNamjoonကောJinကောမတွေ့သေး

"ငါတို့လမ်းမှာ"

Jkလည်းစိတ်ရှုပ်စွာသက်ပြင်းချလိုက်ရင်း

"Sunnyနဲ့ငါစောင့်နေတာမြန်မြန်လာ"

Jkပြောပြီးတာနဲ့ဖုန်းချလိုက်ပြီးဝင်လာလိုက်သည်။

"Jungkook....ဘာသောက်မှာလဲ"

"အဆင်ပြေတာမှာလိုက်ရှန်ပိန်နည်းနည်းတော့မှာလိုက်"

Jinတို့အတန်ကြာတော့ရောက်လာသည်။Namjoonလည်းဘေးမှာဝင်ထိုင်ရင်း

"မင်းတို့နှစ်ယောအဲ့လိုတစ်တွဲတွဲလုပ်မနေနဲ့Yongiကိအားနာပါဦး"

"တော်စမ်းပါကွာ....အရေးမပါတာတွေ....ဘာသောက်မှာလဲမှာ"

"ငါတို့သိပ်မသောက်ချင်ဘူး....Wineလောက်ပဲ"

Jkလည်းwaiterတစ်ယောက်အားလှမ်းခေါ်ရင်းမှာလိုက်သည်။

"ဒီနေ့ဘာကိစ္စချိန်းတာလဲ"

"ငါတို့တွေမဆုံရတာကြာနေပြီ...ပြီးတော့Jinရဲ့မွေးနေ့ရောက်တော့မယ်....အဲ့တာမွေးနေ့လည်းဖိတ်ရင်းပေါ့"

NamjoonပြောတာကိုJkခေါင်းသာငြိမ့်ပြလိုက်သည်။Jinကိုကြည်တော့ခပ်တည်တည်ပင်သူတို့မှာထားတာတွေယူသောက်နေသည်။Jinကသောက်ရတာသိပ်ကြိုက်တာCocktailကဆိုသူ့အကြိုက်ပဲ...Namjoonကသိပ်မသောက်ဖို့အမြဲတားရသည်။

"Yoongiလည်းခေါ်ခဲ့နော်Jk"

Jinတိတ်ဆိတ်နေရာကပြောလာတော့Sunnyကမျက်မှောင်ကျုံ့ရင်း

"သူကဘာလုပ်ဖို့လဲ....အရေးမပါတာ"

"ငါမွေးနေ့ရှင်လေငါဖိတ်ချင်တဲ့သူဖိတ်မှာပေါ့"

JinအပြောကိုJkကခေါင်းခါရင်း

"သူကငါ့ကျွန်လေ...ငါသွားခိုင်းမှသွားရမယ်"

ငယ်ကျွန် season 2Where stories live. Discover now