11

4.2K 328 10
                                    

Namjoonမနိုင်မနင်းကိုယ်လုံးကြီးအားသယ်လာရင်းအိမ်ထဲအရောက်ပို့လာရသေးသည်။Jinကိုတော့ကားထဲခဏထားခဲ့လိုက်ရသည်။ကားအားခြံဝမှာရပ်ထားခဲ့ရင်းNamjoonအားတွဲခေါ်လာလိုက်သည်။

"အကိုNamjoon....သခင်ဘာဖြစ်လို့လဲ"

"သခင်သခင်ခေါ်မနေနဲ့....သူမသိဘူးပူမနေနဲ့...သူမူးနေလို့ပြန်လာပို့တာ"

"အော်အကိုNamjoonကျေးဇူးပါ"

Yoongiပြောရင်းJkကိုလွှဲယူလိုက်တော့သူ့ပေါ်ဝုန်းခနဲပြိုကျသွားသည်။

"သခင်အဆင်ပြေရဲ့လား"

Yoongiပြောရင်းJkအားအတင်းတွန်းဖယ်ပေမယ့်လှုပ်ပင်မလှုပ်

"ရရဲ့လား"

Namjoonကကြားကဆွဲထူပေးရင်းကူတွဲလိုက်မှအဆင်ပြေသွားသည်။Yoongiရယ်ကျဲကျဲလုပ်ရင်းထလိုက်ကာ

"အကို...ကျေးဇူးပါ"

YoongiအပြောကိုNamjoonပြုံးပြရင်း

"ကိုယ်လိုက်ပို့မယ်....တက်"

Jkကိုယ်လုံးအားတွဲရင်းအိမ်ပေါ်ထပ်ဆီဦးတည်လိုက်သည်။ကုတင်ပေါ်ချပေးလိုက်မှလှုပ်ပင်မလှုပ်တော့ပဲငြိမ်သက်သွားသည်။

Namjoonအခန်းထဲဝင်ဝင်ချင်းအတော်အံ့သြသွားသည်။Jkကတစ်ယောက်တည်းကုတင်မှာအိပ်ပြီးYoongiကိုအောက်မှာအိပ်ခိုင်းတာပင်

"Yoongiပင်ပန်းနေပြီပေါ့"

Namjoonပြောတဲ့စကားကိုYoongiနားလည်ပုံမပေါ်...သူလဲဆက်ပြောမနေတော့ပဲနှုတ်ဆက်ကာထွက်လာလိုက်သည်။ကားပေါ်မှာJinတစ်ယောက်ပဲကျန်ခဲ့တာမလား

"ကိုယ်သွားတော့မယ်နော်...Jinလေးအောက်မှာကျန်ခဲ့လို့"

"ဟုတ်အကို....လိုက်မပို့တော့ဘူးနော်"

Yoongiလည်းနှုတ်ဆက်လိုက်မှNamjoonထွက်သွားသည်။Namjoonလည်းမူးနေတာပေမယ့်လာပို့ပေးတာပဲကျေးဇူးတင်ရမလို

"သခင်....အကျီလဲပေးမယ်နော်....အိပ်ရတာသက်တောင့်သက်သာမရှိမှာစိုးလို့ပါ"

Yoongiခွင့်တောင်းပြီးတာနှင့်Jkဖိနပ်အားချွတ်လိုက်သည်။အကျီကြယ်သီးတို့ဖြုတ်လိုက်ရင်းအဝတ်လဲဖို့ကြိုးစားမိသည်။ဒါပေမယ့်ဘာလို့ရှက်နေလဲနားမလည်....မြင်ဖူးတာပဲကို

ငယ်ကျွန် season 2Where stories live. Discover now