9

4.2K 330 37
                                    

Jkအိပ်ယာကနိုးတော့Sunnyကshirtအဖြူလေးအားပွပွလေးဝတ်ထားကာသူ့ဘေးမှာထိုင်ရင်းဖုန်းကြည့်နေသည်။Sunnyပေါင်အားလှမ်းကိုင်လိုက်ရင်း

"ကောင်မလေးဘာတွေကြည့်နေတာလဲ....ကိုယ်နိုးနေတာတောင်မသိဘူးပေါ့"

Jkအပြောကြောင့်Sunnyနှုတ်ခမ်းတစ်ချက်ဆူလိုက်ရင်း

"ဘယ်သိပါ့မလဲ....နောက်ကောင်လေးနဲ့Chatနေတာနေမှာပေါ့"

Jkမျက်စောင်းလှမ်းထိုးရင်းခါးကနေကိုင်ကာအောက်သို့လှိမ့်ပို့လိုက်သည်။

"ဘာစကားပြောတာလဲဟမ်....တော်တော်ဆိုးနေပါလား"

"ဘာဆိုးလို့လဲ....အိပ်ပုပ်ကြီးကအိပ်နေတော့...ဘယ်လိုစကားပြောရမလဲ...အဲ့တော့နောက်တစ်ယောက်နဲ့စကားပြောလိုက်တာပေါ့"

Jkလည်းရီလိုက်ကာ

"ကဲဘယ်သူနဲ့ပြောနေတာလဲပြော"

"ဘယ်သူမှမဟုတ်ဘူး....သက်သက်စတာOnline shopမှာပိုက်ဆံအိတ်လေးတွေလှလို့ကြည့်နေတာ"

"လိုချင်လား....ဝယ်ပေးမှာပေါ့"

Jkအပြောကြောင့်Sunnyရီမောလိုက်ရင်းJkရင်ခွင်ထဲခေါင်းတိုးဝင်လိုက်ကာ

"အင်း....လိုချင်တယ်...အစကကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်မလို့ပဲ....ကိုယ်ဝယ်ပေးမယ်ဆိုတော့လည်းလက်ခံလိုက်မယ်"

"အဲ့တာဆိုအလကားတော့မရဘူး...အာဘွားပေး"

"မွမွမွ"

Sunnyအနမ်းတွေကJkမျက်နှာပေါ်အနှံ့ကျရောက်သွားသည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

Yoongiမနက်စာပြင်ပေးပြီးတာကြာပေမယ့်အကိုနဲ့အမSunnyမဆင်းလာသေးတာမို့သူတက်ခေါ်သင့်မသင့်စဥ်းစားမိသည်။

"သား....ကျောင်းသွားရဦးမှာမလား"

သူ့အားမေးလာတဲ့အိမ်တော်ထိန်းအားခေါင်းသာငြိမ့်ပြမိသည်။

"သွားလေ...ဦးစောင့်နေပေးလိုက်မယ်"

အိမ်တော်ထိန်းရဲ့ထပ်ပြောလာတဲ့စကားအားခေါင်းအသာခါပြရင်း

"မဟုတ်တာ...သခင်က...အဲ...အကိုကမနက်စာစားလေ့မရှိတော့ကျန်းမာရေးထိခိုက်မှာစိုးလို့"

ငယ်ကျွန် season 2Where stories live. Discover now