38

4.1K 311 27
                                    

Jkလက်နုနုအားဆုပ်ကိုင်လိုက်ရင်း ဟန်ပြလက္ခဏာကြည့်ပေးမိသည် သူလဲဘာမှမသိပါ ဒါပေမယ့်လက်ကိုင်ရတာအမြတ်ပဲလေ လက်နုနုအားသေချာနွေးထွေးစွာကိုင်ရင်းမျက်လုံးမှိတ်လိုက်ကာ အကြားအမြင်ရသလိုဟန်ဆောင်လုပ်နေမိသည်။

"ကောင်လေး ကအားလုံးကောင်းပါတယ်"

"ဆရာ ကျနော့်ကလေးလေးကံကြမ္မာဘယ်လိုရှိလဲဟင်"

ဗိုက်လေးအားပုတ်ပြရင်းမေးလာတာကြောင့်ဝမ်းနည်းမိသား ဒီဗိုက်ထဲကကလေးလေးကိုထိကိုင်ချင်ခဲ့မိတာ

"ကိုယ်ထိမယ်နော်"

သူပြောတော့အနည်းငယ်ရှက်နေပေမယ့်ပြုံးရင်းလက်ခံရှာပါသည်။

ဗိုက်လုံးလုံးလေးကိုထိလိုက်တာနှင့်ဗိုက်ကအနည်းငယ်လှုပ်လာသည်။5လကျော်ပင်ရှိသေးသော်လည်းအနည်းငယ်လှုပ်သွားတော့ရင်ခုန်လာသည်။ငါ့သွေးသားဆိုတဲ့အသိကြောင့်မျက်ရည်ပင်ကျချင်လာသည်။ငယ်သိလို့မဖြစ်တာကြောင့်အတော်ထိန်းချုပ်ထားလိုက်ရသည်။

"ဆရာ လှုပ်နေတယ် ဟီး ပထမဆုံးပဲ"

ကလေးကသူကိုင်မှပထမဆုံးလှုပ်ဖူးတာတဲ့လား ငယ်ရယ် ကိုယ်အတူရှိချင်လိုက်တာ

"ကလေးကအတော်ကျန်းမာမှာပါ သူ့ သူ့အဖေနဲ့တူမယ်ထင်တယ်"

Jkစိုးရိမ်စွာပြောလိုက်မိသည်။ကောင်ငယ်လေးကသူ့အားစိတ်နာနေတာမလား အထင်နဲ့ကွာခြားကာဗိုက်လေးကိုင်ရင်းပြုံးနေတဲ့ကောင်လေး

"လူဆိုးလေးထွက်လာမှာပေါ့ ဟီး သူ့အဖေကအရမ်းဆိုးတာ "

Jkအနည်းငယ်ထူးဆန်းပေမယ့်သူ့အားဆက်လိမ်ချင်နေပြန်သည်။

"အရမ်းဆိုးတဲ့သူကိုဘာလို့လက်ထပ်ခဲ့သေးလဲ"

ရှေ့ကပေါက်စကသူ့အားပြုံးပြလာရင်း

"မတော်တဆလက်ထပ်ဖြစ်တာပါ ဒါပေမယ့်ကျနော်သူ့ကိုချစ်တယ် သူနဲ့အတူမရှိနိုင်ပေမယ့် ကလေးလေးကသူနဲ့တူတော့ သူ့ကိုယ်ပွားလေးရသလိုပဲပေါ့ ဟီး"

Jkရင်ထဲနစ်ခနဲခံစားချက်ကဘာမ​းေလဲ မင်းရှေ့ကကိုယ်ပါလို့ပြောလိုက်ချင်တယ် ပြောသင့်ပြီလား

ငယ်ကျွန် season 2Where stories live. Discover now